သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့လယ်ချောင်းတူးဖော်ရေး ပြည်နယ်ကောင်စီပြင်ဆင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 5.9k

ထက်အောင်

နိရဥ္စရာ၊ မေ ၈/ ၂၀၂၁

 

 ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့လယ်ချောင်းကို ရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်မည့်ကိစ္စနဲ့ ဆက်စပ်ပြီး ရခိုင်ပြည်နယ်ပကစကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်း ၉ နာရီလောက်က မြို့လယ်ချောင်းဝကို လာရောက်ကြည့်ရှုခဲ့ကြသည်ဟု သတင်းရရှိသည်။

 

ထိုသို့ လာရောက်ကြည့်ရှုရသည့်အကြောင်းအရာနဲ့ ဆက်စပ်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းက ကိုရီးယားဆိပ်ကမ်းတစ်ခုတည်းကို သွားကြည့်တာမဟုတ်ဘူး။ မြို့လယ်ချောင်းအဝ ကနေ စတူးဖို့အတွက် ဈေးခြေဟိုဖက်ဒီဖက် ချောင်းဝကိုသွားကြည့်တာပေါ့။ အဲဒီမြို့လယ်ချောင်းက ရေစီးရေးလာကောင်းမွန်ခြင်းမရှိတဲ့အတွက် အမိုက်တွေ၊ ဒိုက်တွေ ပေါတဲ့အတွက်ကြောင့် တူးဖော်မယ့်သဘောပါ။ အဲဒီချောင်းကို ပထမဆုံးတူးမှာကတော့ နေရာ (၁၁) နေရာမှာ စက်အား၊ လူအားနဲ့ တူးမှာပေါ့။ စက်တွေမဝင်နိုင်တဲ့နေရာမှာ လူအားနဲ့တူးမယ်။ စက်ဝင်လို့ရတဲ့နေရာမှာ စက်နဲ့တူးမှာပေါ့ ဟု ပြောသည်။

 

ဆက်လက်ပြီး မြို့လယ်ချောင်းဝရှိရာ BXT  မြို့ပြမြေယာဖော်ထုတ်ရေးစီမံကိန်းရှိ မြို့လယ်ချောင်းဝကို ဖြတ်ပြီး တည်ဆောက်ထားသော တံတားကိုလည်း လာရောက်ကြည့်ရှုကာ မည်သို့ပြုပြင် လုပ်ဆောင်သင့်သည်ကို သွားရောက်ကြည့်ရှုခဲ့ကြောင့် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးသန်းထွန်းကဆက်ပြောသည်။

 

စက်လှေတွေမုန်တိုင်းခိုဖို့အတွက် ဝင်ထွက်သွားလာနိုင်အောင် ဘယ်လိုစီစဉ်ပေးနိုင်မလဲပေါ့။ အခုကတော့ တံတားကပြီးသွားပြီ။ ပြီးသွားတာက လိုအပ်တဲ့အမြင့်မရှိဘူး။ အဲဒါကို ကုမ္မဏီနဲ့ ညှိနှိုင်းပြီးတော့ ဘယ်လိုပြန်ပြီးလုပ်ရမယ်ဆိုတာ နောက်မှစဉ်းစားရမယ့်ကိစ္စပါဟု ပြောဆိုသည်။

 

စစ်တွေမြို့လယ်ချေုာင်းပြန်လည်သန့်ရှင်းကာ ရေစီးရေလာကောင်းမွန်းရေးအတွက် တူးဖော်မည့်အစီအစဉ်နှင့်ပတ်သက်ပြီး မိုးရာသီရောက်ရှိရန် နီးကပ်လာသောကြောင့် မြို့မှာရှိသော ချောင်း၊ မြောင်းများကို တူဖော်ခြင်းသည် ကောင်းမွန်သောလုပ်ရပ်ဖြစ်ကြောင်း  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားနေသူ ကိုရန်နိုင်စိုးက ပြောသည်။

 

လူတွေက အမှိုက်တွေကိုစည်းမဲ့ ကမ်းမဲ့ပစ်တယ်။ မြောင်းတွေ၊ ချောင်းတွေ အတွင်းသို့ စွန့်ပစ်တာတွေကို ကျနော်တို့လည်း အမြဲမြင်နေရတယ်။ အခုက သဘာဝဘေးအန္တရာယ်က တစ်နေ့တစ်ခြားဆိုးလာတယ်။ ဆိုတော့ မြို့ရေမြုပ်တွေအဆင့်ထိ ရောက်သွားတာတွေရှိတယ်။ စစ်တွေမြို့ကတော့ ပင်လယ်ရေစီးကြောင်းထွက်ပေါက်ရှိတယ်။ မြို့ထဲမှာ ရေမြောင်းတွေ ပိတ်ဆို့ရင်တော့ မိုးရာသီမှာ ရေတွေကြီးလာမှာပေါ့။ နေအိမ်တွေအတွင်းကို ရေတွေ ရောက်တယ်ဆိုတာတော့မကောင်းပါဘူး။ ဒါကြောင့် တူးဖော်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်တာတော့ကောင်းပါတယ်။ အခုကြားရတဲ့ အစီအစဉ်ကိုလည်း ကောင်းတယ်လို့မြင်မိပါတယ်ဟု ဆိုသည်။

 

စစ်တွေမြို့တော်ရှိ မြို့လယ်ချောင်းကို ဖြတ်ပြီးတည်ဆောက်ထားသော တံတား စုစုပေါင်း (၁၁) ခုရှိကြောင်းလည်းသိရသည်။

 

ယနေ့ စစ်တွေမြို့လယ်ချောင်းကိုတူးဖော်ရေးနဲ့ ဆက်စပ်ကာ ချောင်းအခြေအနေကို လာရောက်ကြည့်ရှုရာမှာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးအောင်ကျော်မင်းနှင့် အဖွဲ့ဝင်များပါဝင်ကြောင်း တွေ့ရသည်။

ဆက်စပ် သတင်းများ