ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် ကျောက်မီးသွေးဖြင့် လည်ပတ်နေသည့် ငါးမှုန့်ကြိတ်စက်ရုံမှထွက်သည့် အနံ့ဆိုးများကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.5k

နောင်ခိုင်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၉ / ၂ဝ၁၉

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အကြားရှိ ကျောက်ဖြူမြို့နယ် ပင်လယ်နားရွာနားတွင် တည်ဆောက်ထားသည့် ငါးမှုန့်ကြိတ်စက်ရုံမှ ထွက်ရှိလာသည့် အန့ံဆိုးများကြောင့် အနီးအနားမှကျေးရွာသားများ ကျန်းမာရေးထိခိုက်နေကြပြီဟု သတင်းရရှိသည်။

အဆိုပါ ငါးမှုန့်ကြိတ်စက်ရုံသည် အောက်တိုဘာလ ၁၆ ရက်နေ့မှ စတင်ကာ ကျောက်မီးသွေးကို အသုံးပြု၍ လည်ပတ်နေခြင်းဖြစ်သည့်အတွက် ကျောက်ဖြူမြို့နယ်မှ ကျေးရွာ ၄ ရွာနှင့် ပိုက်ဆိပ်နှစ်ခု၊ ရမ်းဗြဲမြို့နယ်မှ ကျေးရွာ ၅ ရွာနှင့် ပိုက်ဆိပ် နှစ်ဆိပ်မှဒေသခံကျေးရွာသားများသည် စက်ရုံမှထွက်သည့် အန့ံဆိုးဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

“အနံ့အသက်အရမ်းဆိုးတယ်။ ဘယ်လောက်ထိဆိုးလည်းဆိုရင် မြောက်ဘက်ကလေတိုက်ရင် တောင်ဘက်ကို နှစ်မိုင်လောက်အထိသွားတယ်။ အဲဒီအနံ့ဆိုးတွေကြောင့် ရွာကလူတွေ ကျန်းမာရေးထိခိုက်နေကြပြီ။ ငါးအပုတ်နံ့နဲ့မတူအောင် အန့ံထွက်တယ်။ အသက်ရှူလို့မရဘူး။ ကလေးတွေ ဝမ်းလျှောတယ်၊ ဝမ်းရောင်တယ်။ ဝမ်းဖောတယ်။ ဝမ်းရောဂါဖြစ်တယ်။ အဲဒီအနံ့ကြောင့် အိပ်လို့မရဘူး။ ကျနော်တို့အသက်အရွယ် လူကြီးတွေဆိုရင် အသက်ရှူကြပ်လို့ ရင်ကြပ်လို့ နေလို့တောင်မရဘူး။”ဟု အဆိုပါ စက်ရုံအနီးမှ ကျေးရွာသားတစ်ဦးဖြစ်သူ ဦးကျော်အေးက နိရဥ္စရာကို ပြောသည်။

အဆိုပါ ငါးမှုန့်ကြိတ်စက်ရုံအား ခွင့်ပြုချက်မရှိဘဲတည်ဆောက်ထားသည်ကို ပြီးခဲ့သည့် ဇွန်လ ၃၁ ရက်နေ့က သွားရောက်စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး စက်ရုံနှင့်ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးတွင်လည်း အဆိုတစ်ရပ်အနေနှင့် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။

“အဲဒီငါးမှုန့်ကြိတ်စက်ရုံဟာ ဒေသခံတွေအတွက်ဆိုးကျိုးဖြစ်နိုင်တယ်လို့ ကျနော် လွှတ်တော်မှာ အဆိုတစ်ရပ်အနေနဲ့ တင်သွင်းထားတာရှိပါတယ်။ အခုဒေသခံတွေ ကျန်းမာရေးထိခိုက်မှုဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အဲဒီကိစ္စကို ကွင်းဆင်းပြီးတော့ ဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါတယ်။” ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ ပြောသည်။

အဆိုပါစက်ရုံသည် ကျောက်ဖြူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် ပုဂ္ဂလိက စက်မှုမှတ်ပုံတင်ထားခြင်းမရှိသေးကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း စက်ရုံတည်ဆောက်ခွင့်ကို ခွင့်ပြုပေးထားခြင်းလုံးဝမရှိကြောင်း စက်တင်ဘာလအတွင်းကပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောကြားခဲ့သည်။

ဓာတ်ပုံ - ဦးဖိုးစံ

------------------------------------------

Unicode Version


နိရဉ်စရာ၊ နိုဝငျဘာ ၉ / ၂ဝ၁၉







ဓာတျပုံ - ဦးဖိုးစံ

ဆက်စပ် သတင်းများ