အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

POSCO ကရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် A-1 လုပ်ငန်းများကို ဆောင်ရွက်စဉ် ၄ ကီလိုမီတာပတ်လည်တွင် ရေယာဉ်များသွားလာခြင်း၊ ရပ်နားခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇/၂၀၂၂
ကိုရီးယားကုမ္ပဏီ POSCO က ရခိုင် ကမ်းလွန်လုပ်ကွက်အမှတ် A-1 တွင် Shwe Phase 2 Development Project အတွက် Offshore Installation Activities လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ မတ် ၁၅ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ ဆောင်ရွက်စဉ် ကာလအတွင်း ရေယာဉ်များအနေဖြင့် လေးကီလိုမီတာ ပတ်လည်တွင် သွားလာခြင်း၊ ကျောက်ချ ရပ်နားခြင်း မပြုလုပ်ရန် ငါးလုပ်ငန်း ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေ တူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက် အမှတ် (A-1) တွင် Shwe Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား Offshore Construction Vessel ‘DLV 2000’ ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာများကို ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ ကမ်းလွန်လုပ်ကွက်အမှတ် A-1 တွင် Shwe Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်တည်နေရာများမှ လေးကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက်ထုတ်ပြန်ထား၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာန၏ ရေကြောင်း သတိပေးချက် ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
POSCO က ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် A3 တွင် Shwe Phase 2 Exploration Project အတွက် Drilling Campaign လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် (A-3) တွင် Shwe Phase 2 Exploration Project Area တွင် Drilling Campaign လုပ်ငန်းများအား Semi-Submersible Drilling Rig ‘OCEAN MONARCH’ ဖြင့် ဆောင်ရွက် သွားမည့် တည်နေရာများကို ထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၃၈ သန်းထွက်ရှိမည့် ရေနံဓာတ်ငွေ့သိုက်အသစ် မဟာ ကိုတွေ့ရှိခဲ့ကြောင်း Posco International က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်လုပ်မှုစမ်းသပ်ချက်အရ မဟာဓာတ်ငွေ့သိုက်တွင် တစ်ရက်လျှင် ကုဗပေ ၃၈ သန်းထွက်ရှိပြီး သဲကြောအသားတင်အထူမှာ ၁၂ မီတာရှိသည်။
မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 တွင် မြဓာတ်ငွေ့သိုက်မှ ထုတ်လုပ်နေပြီး ယခုမြဓာတ်ငွေ့သိုက်၏ အနောက်တောင်ဘက် ရေနက်ပိုင်းတွင် ဓာတ်ငွေ့သိုက်အသစ်ထပ်မံတွေ့ရှိခြင်းဖြစ်သည်။ လုပ်ကွက် A-3 လုပ်ငန်းများတွင် Posco၊ MOGE၊ ONGC၊ GAIL၊ KOGAS တို့ ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။
မဟာဓာတ်ငွေ့သိုက်အသစ်သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမီ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလ တိုတောင်းနိုင်သည့် အားသာချက်များ ရှိနေသည်။
မြန်မာနိုင်ငံသည် Posco ၏ စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်ပြီး လက်ရှိသဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုဖြစ်သော ရွှေ (A-1) နှင့် မြ (A-3) လုပ်ငန်းလည်ပတ်လျက်ရှိသည်။
ယင်းလုပ်ကွက်များမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တင်ပို့ရောင်းချလျက်ရှိသည်။ Posco သည် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစုအမြတ်ငွေ ဝမ် ၆၅၀ ဒသမ ၃ ဘီလျံ (ဒေါ်လာ ၅၄၉ ဒသမ ၈၄ သန်း)ရရှိခဲ့ကြောင်း သိရသည်။
( Source: The Daily Eleven News/ photo by UPI.com)

ဆက်စပ် သတင်းများ