သံတွဲကမ်းခြေတွင် အရှည်ပေ ၈ဝ ခန့်ရှိသော ဝေလငါးကြီးတစ်ကောင်ကို ပုပ်ပွသေဆုံးလျက်တွေ့ရှိ


ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုလဲကျွန်းကမ်းခြေတွင် အရှည် ပေ ၈ဝ ခန့်ရှိသော ဝေလငါးကြီး တစ်ကောင်ကို ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

" ဘယ်နေ့က သေတယ်ဆိုတာကိုတော့ ကျနော်တို့ အတိအကျမသိဘူး။ ငါးကပုပ်နေပြီး ၉ ရက်၊ ၁ဝ ရက်လောက်တော့ ရှိနေပီ ထင်တယ်။ ငါးရဲ့ ခန္ဓာကိုယ်မှာ ပိုက်တွေ ရစ်ပတ်ပြီးပါတယ်။ ပိုက်နဲ့ ငြိပြီးသေတာရှိမယ် ထင်တယ်။ ကျနော်တို့က လှေနဲ့ ဓာတ်ပုံသွားရိုက်တာ။ ငါးအရွယ်အစားက ပေ ၈ဝ၊ ၉ဝ လောက်ရှိတယ်။ လုံးပတ်ကတော့ ရေထဲမှာတစ်ဝက် နှစ်မြုပ်နေတယ်။ ကျနော်တို့ ခန့်မှန်းခြေ အရ ပြောရမယ်ဆိုရင် လုံးပတ်ကလည်း ပေ ၄ဝ လောက်ရှိဖို့တော့ ထင်တယ်။ ကျနော်တို့ ဒီနေ့ဓာတ်ပုံသွားရိုက်တဲ့အချိန်မှာ အမြီးတောင် ပျော်နေပြီ˝ဟု သံတွဲမြို့မှ ဓာတ်ပုံ သွားရိုက်သူ ကိုထွန်းထွန်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

ယခု ဝေလငါးကြီးတစ်ကောင် ရခိုင်ကမ်းခြေတွင် သေဆုံးပြီး တွေ့ရှိမှုသည် ၂ဝ၂ဝအတွင်း ဒုတိယ အကြိမ်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဇန်နဝါရီလကလည်း မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်ကမ်းခြေတွင် အရှည် ၄၆ ပေရှိသော ဝေလငါးကြီးတစ်ကောင်ကို သောင်တင်သေဆုံးလျက် တွေ့ရှိခဲ့သည်။

(ဓာတ်ပုံ- ထွန်းသန့်ကျော်)

-----------------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၂ဝ/ ၂ဝ၂ဝ






Share: