ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဗီယက်နမ်တွင် ရေကြီး မြေပြို၍ လူပေါင်း ၁၁၄ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

နိရဥ္စရာ၊ အောက်တိုဘာ ၂၂/၂ဝ၂ဝ (နိုင်ငံတကာ)

အောက်တိုဘာလအစောပိုင်းကစပြီး ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ အခြားသဘာဝဘေးအန္တရာယ်တွေကြောင့် ဗီယက်နမ်နိုင်ငံမှာ လူပေါင်း ၁၁၄ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံရဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ်ရေးဗဟိုကော်မတီက ဒီကနေ့မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ သေဆုံးသူ ၁၁၁ ဦးအထက် ရှိခဲ့ပြီး Quang Tri ၊ Thua Thien Hue နဲ့ Quang Nam ပြည်နယ်တွေမှာ  အများဆုံးသေဆုံးခဲ့တယ်လို့ ကော်မတီရဲ့  နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၇ နာရီ ထုတ်ပြန်ချက်အရ  Ha Tinh၊ Quang Binh နဲ့ Quang Tri ဒေသများရှိ အိမ်ခြေ ၅၉,၃ဝဝ နီးပါခန့်က လူပေါင်း  ၂ဝ၆၈ဝဝ ခန့်ကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

ဒါ့ပြင် Ha Tinh နဲ့ Quang Binh ဒေသမှာ အိမ် ၄၆,၈ဝဝ ခန့်မှာ ဆက်လက် ရေလွှမ်းမိုးမှုများရှိနေပြီး  ကျွဲနွားတွေနဲ့ အိမ်မွေးတိရိစ္ဆာန် စုစုပေါင်း  ၆၉၁,၁ဝဝ ကျော် သေဆုံးမှု ရှိခဲ့တယ်လို့ ကော်မတီက ဆိုပါတယ်။

၎င်းပြင် နောက်ထပ်ရှာဖွေ ကယ်ဆယ်ရေးတွေ ပြုလုပ်နေပြီး  သဘာဝဘေးအန္တရာယ် ကျရောက်ပြီး နောက်ပြန်လည်ထူထောင်ရေးနဲ့ ပြည်သူများကို နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းတွေကို  လုပ်ဆောင် နေကြောင်း သိရပါတယ်။

Source: 114 dead, 21 missing in Vietnam floods, landslides

ဆက်စပ် သတင်းများ