သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

သံတွဲ၊ မာန်အောင်၊ တောင်ကုတ်ငလျင်လူပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.6k

နိရဥ္စရာ၊ သြဂုတ် ၁၈/ ၂ဝ၁၉

ရခိုင်ပြည်နယ် သံတွဲ၊ မာန်အောင်နှင့် တောင်ကုတ်တို့တွင် ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က ငလျင် လူပ်ခတ်သွားကြောင်းသတင်းရရှိသည်။

၎င်းငလျင်မှာ မြန်မာနိုင်ငံ ပြည်တွင်းသံတွဲမြို့၏ အရှေ့တောင်ဘက် မိုင်(၂ဝ)ခန့်အကွာကို ဗဟိုပြု လူပ်ခတ်သွားခြင်း ဖြစ်ပြီး အင်အားရစ်(ခ်)တာ စကေး(၄.၇)အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

၎င်းငလျင် လူပ်ခတ်မှုမှာ စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင်(၁၆၇) ခန့်ကွာဝေးကြောင်း၊ ၂ဝ၁၉ ခုနှစ်  ဩဂုတ်လ (၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁ဝ)နာရီ၊ (ဝ၈)မိနစ်၊ (၁၄)စက္ကန့် လူပ်ခတ်သွားခြင်း ဖြစ်ကြောင်း ကျေညာချက်ထဲတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့သို့ ငလျင်လူပ်ခတ်မှုနှင့် ပတ်သက်ပြီး ဆက်သွယ်ရာ ငလျင် လူပ်ခတ်သွားခြင်းကို အတည်ပြုပြီး အပျက်အစီး အထိအခိုက်မရှိဟု တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“ ငလျင်လူပ်တာတို့ မှန်ကန်ပါတယ်။ အခုအချိန်ထိ အပျက်အစီး အထိအခိုက်စာရင်းကို လက်ခံရရှိခြင်း မရှိသေးတဲ့ အတွက် အထိအခိုက် မရှိဘူးလို့ ပြောလို့ရပါတယ်” ဟု ပြောဆိုသည်။

မာန်အောင်မြို့ပေါ်မှ ဦးကျော်မိုးနိုင်က “ မာန်အောင်မှာ ငလျင်လူပ်တာက မနက် ၉ နာရီ ၅၄ မိနစ်မှာပါ။ လူပ်တယ်လို့ ပြောတာနဲ့ ရပ်သွားပါတယ်။ နည်းနည်းလေးဘဲ လူပ်တာပါ” ဟု ပြောကြားသည်။

ဆက်စပ် သတင်းများ