သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေ-မန္တလေးအကြား လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.6k

ဆောင်းဇာခြည်
နိရဉ္စရာ၊ ဧပြီ ၂၂/ ၂၀၂၁
စစ်တွေ-မန္တလေး အကြားလေကြောင်းလိုင်းကို ယခုလ ဧပြီ ၂၆ ရက်နေ့ ကစတင် တိုက်ရိုက်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်တွေ-မန္တလေးလေကြောင်းကို မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ပြေးဆွဲမည်ဖြစ်ပြီး စစ်တွေမှ မန္တလေးသို့ ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း အရောင်းကိုယ်စားလှယ် ကိုရှိန်းဖြိုးက ပြောသည်။
“လေယာဉ်က တစ်စီးတည်း ထွက်မှာပါ။ စစ်တွေ-မန္တလေးကို အခုပြီးခဲ့တဲ့ နှစ်လပိုင်းလား သုံးလပိုင်းကလားမသိဘူး အဲဒီတုန်းက တစ်လနီးပါးလောက် ပြေးဆွဲခဲ့ပါသေးတယ်။ ဘာကြောင့်မှန်းတော့မသိဘူး ပိတ်သွားတယ်။ ပြီးတော့ အခု ပြန်ဖွင့်တာပါ။ စစ်တွေ-မန္တလေးကို တချို့က တိုက်ရိုက် သွားချင်ကြတယ်လေ” ဟု နိရဉ္စရာသို့ ပြောသည်။
စစ်တွေ-မန္တလေး အကြား လေယာဉ်လက်မှတ်တစ်စောင်အား လေးသောင်းခြောက်ထောင်၊ ငါးသောင်းတစ်ထောင်နှင့် ငါးသောင်းရှစ်ထောင် စသည့် အမျိုးအစား ၃မျိုးဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
“စစ်တွေ-မန္တလေး လေကြောင်းလိုင်းအတွက် လက်မှတ်ဝယ်ချင်တယ်ဆိုရင် အွန်လိုင်းမှာ “ရွှေလူငယ်လေယာဉ်လက်မှတ်အရောင်းဌာန”ပေ့ချ်က ဝယ်လို့ရပါတယ်။ အင်တာနက်မရှိတဲ့ သူတွေအတွက်ကိုလည်း ကျွန်တော်တို့ဆီ ဖုန်းဆက်ပြီး ဝယ်ရင် မက်ဆေ့ချ်ပို့ပြီး လက်မှတ်ဖြတ်ပေးပါတယ်” ဟု သူက ဆက်ပြောသည်။
စစ်တွေ-မန္တလေး လေယာဉ်ဖြင့် ပျံသန်းချိန် တစ်နာရီခန့် ကြာမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ