အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရခိုင်၌အကြမ်းဖက်မှုများမြင့်တက်လာခြင်းနှင့်မြန်မာ၏ ကိုရိုနာဗိုင်းရပ်စ်အရေးဆွေးနွေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

နိရဥ္စရာ၊ မေ ၁၃/ ၂ဝ၂ဝ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရခိုင်ပြည်နယ်အတွင်း မြင့်တက်လာနေသော အကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော coronavirus ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ၏အကျိုးသက်ရောက်မှုများကိုဗီဒီယိုအစည်းအဝေး တစ်ရပ်ပြုလုပ်ပြီး ဆွေးနွေးမည်ဟုသံတမန်သတင်းရပ်ကွက်များကို ကိုးကားပြီး AFP မှ သတင်းဖော်ပြသည်။

၎င်းအစည်းအဝေးကို ဗြိတိန်နိုင်ငံကတောင်းဆိုခဲ့ခြင်း ဖြစ်ပြီး မေလ ၁၄ ရက် ကြာသပတေးနေ့တွင် တံခါးပိတ် ပြုလုပ်ရန် စီစဉ်ထားသည်။ 

ဆွစ်ဇာလန်နိုင်ငံသူ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စခရစ္စတင်းရှဝါနာဘူဂီနာ (Christine Schraner Burgener) မှ အစည်းအဝေးတွင်မှတ်ချက်ပေးမည်ဖြစ်သည်ဟုအဆိုပါသတင်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသသည်  ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမို ရရှိရန် တောင်းဆို နေသည့် Arakan Army နှင့်  မြန်မာစစ်တပ်မတော်တို့ အကြား ဖြစ်ပွားနေသည့်  ရက်စက်ကြမ်းကြုတ်သောပြည်တွင်းစစ်တွင် ပါဝင်ပတ်သက်လာခဲ့ပြီဟု ဆိုသည်။ 

ဧပြီလကုန်ပိုင်းတွင်မြန်မာအစိုးရကျန်းမာရေးဝန်ထမ်းတစ်ဦးဒဏ်ရာရခဲ့ပြီး၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အတွက်အလုပ် လုပ်နေသူယာဉ်မောင်း တစ်ဦးသည် ကုလသမဂ္ဂ အမှတ်အသားပြုထားသော ကားဖြင့် COVID-19 စမ်းသပ်မှုနမူနာများကိုသယ်ဆောင်စဉ်ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့သည်။

၎င်းတိုက်ခိုက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်သည်။ 

သူကပွင့်လင်းမြင်သာသောစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့်ကျူးလွန်သူများကို တရာဥပဒေကြောင်းအရ တရားစီရင် အပြစ်ပေးရန်တောင်းဆိုသည်ဟု ၎င်း၏ ပြောခွင့်ရသူကပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးနှင့်ကူးစက်ရောဂါများကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးရသောအရပ်သားများအားအကာအကွယ်ပေးရန်တောင်းဆိုမှုများတိုးပွားလာချိန်တွင်အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံဆိုင်ရာနောက်ဆုံးလုံခြုံရေးကောင်စီအစည်းအဝေးကိုဖေဖော်ဝါရီလတွင်ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံကိုကုလသမဂ္ဂ၏ဝင်ရောက်စွက်ဖက်မှုကိုပုံမှန်ဆန့်ကျင်သောမြန်မာနိုင်ငံအားထောက်ခံအားပေးသောတရုတ်နိုင်ငံ သည် လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ ဦး ၏ပူးတွဲကြေညာချက်ကို တားဆီးခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ 

( Photo by AFP)

(UN Security Council to discuss violence, coronavirus in Myanmar)

https://www.vir.com.vn/un-security-council-to-discuss-violence-coronavirus-in-myanmar-76232.html

------------------------------------------------- 

Unicode:


နိရဉ်စရာ၊ မေ ၁၃/ ၂ဝ၂ဝ 










( Photo by AFP)


(UN Security Council to discuss violence, coronavirus in Myanmar)

https://www.vir.com.vn/un-security-council-to-discuss-violence-coronavirus-in-myanmar-76232.html



ဆက်စပ် သတင်းများ