သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အိန္ဒိယကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး MM Naravane နှင့်နိုင်ငံခြားရေး ဝန်ကြီးဌာနအတွင်းဝန် Harsh Vardhan Shringla တစ်ရက်တာခရီးစဉ်အဖြစ် မြန်မာသို့ ယနေ့ရောက်ရှိမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.1k

နိရဥ္စရာ၊ အောက်တိုဘာ ၅/၂ဝ၂ဝ

အိန္ဒိယကြည်းတပ် ဦးစီးချုပ်ဗိုလ်ချုပ်ကြီး MM Naravane နှင့်နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Harsh Vardhan Shringla တစ်ရက်တာခရီးအဖြစ် မြန်မာပြည်သို့ ယနေ့ တနင်္လာနေ့တွင် သွားရောက်မည်ဟု ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ဖော်ပြသည်။

တစ်ရက်ခရီးစဉ်အတွင်းဗိုလ်ချုပ်ကြီး Naravane နှင့် Shringla တို့သည် မြန်မာအာဏာပိုင်များနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပြည့်ပြည့်စုံစုံပြန်လည်သုံးသပ်လိမ့်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများသည် မြန်မာနှင့် အိန္ဒိယအကြား လုံခြုံရေးဆက်ဆံမှုများ ခိုင်မာစေရန်၊ အထူးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ကာကွယ်ရေးကိစ္စ၊ အိန္ဒိယဆန့်ကျင်ရေး သူပုန်များအရေးကိစ္စနှင့် ယာဘားစိတ်ကြွဆေးနှင့် ဘိန်းဖြူတို့အား ရောင်းဝယ်သူများ မူးယစ်ဆေးဝါးမှောင်ခိုများအား နှိမ်နှင်းရေး ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်သို့ စစ်တွေဆိပ်ကမ်းမမှ ဆက်သွယ်မည့် ကုလားတန်မြစ်ဘက်စုံ စီမံကိန်းနှင့်ပတ်သက်ပြီး သဘောတူ စာချုပ်ကိုလည်း အိန္ဒိယအရာရှိများနှင့် မြန်မာအရာရှိများအကြား ဆွေးနွေးဖွယ်ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။

၎င်းပြင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ဆွေးနွေးရန် အလားအလာရှိသည်ဟုဆိုသည်။

ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် အိန္ဒိယ စစ်ဘက်အရပ်ဘက် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်  Naravane နှင့် Shringla တို့၏ မြန်မာနိုင်ငံသို့ ယခုပြုလုပ်သည့် ခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံတစ်ခုတွင် တရုတ်နိုင်ငံသည် ၎င်း၏ သြဇာအာဏာတည်ရှိမှုကို ချဲ့ထွင်ရန်ကြိုးပမ်းသည့် အချိန်တွင် ပြုလုပ်သည့် ခရီးစဉ် ဖြစ်ကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြသည်။

ယခု အိန္ဒိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် Naravane ၏ ယခု မြန်မာခရီးစဉ်သည် ပျံ့နှံ့ကူးစက်မှု မြန်နေသည့် ကိုဗစ် ကာလအတွင် တိုင်းပြည်အပြင်ဘက် ပထမ ဦး ဆုံးခရီးစဉ်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ် Naravane နှင့် Shringla တို့သည် ထိပ်တန်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဟု ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ဖော်ပြချက်အရ ဘင်္ဂလာဒေ့ရှ်နိ်ုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံက ဒုက္ခသည်များ ပြန်ပို့ရေး ကိစ္စ၊ ပါကစ္စတန် အကြမ်းဖက်အဖွဲ့များနှင့် ထောက်လှမ်းရေးအဖွဲ့များကိုလည်း ဆွေးနွေးကြမည်ဟု ဖော်ပြသည်။

ဆက်စပ် သတင်းများ