စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးလွတ်မြောက်လာခြင်းကို အမေရိကန်သံရုံးကြိုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 10.2k

နိရဥ္စရာ၊ ဇန်နဝါရီ၃/၂ဝ၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးလွတ်မြောက်လာခြင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ကြိုဆိုကြောင်း သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် “ ရွေးကောက်ပွဲမတိုင်မီက တောင်ကုတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်လွတ်မြောက်လာခြင်းကို မိမိတို့ကြိုဆိုပါသည်။” ဟု ဖော်ပြသည်။

၎င်းပြင် ဆက်လက်ဖော်ပြသည်မှာ “ ဒီမိုကရေစီစနစ်တစ်ခုတွင် ကိုယ်စားလှယ်လောင်းများသည် ဘေးကင်းလုံခြုံစွာမဲဆွယ်စည်းရုံးခွင့်ရှိရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ခပ်သိမ်းသောသူအပေါင်းတို့ လာမည့်နှစ်အတွင်း ပိုမိုကောင်းမွန်သော ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနှင့် သာယာဝပြောမှုတို့ကို ရရှိခံစားနိုင်လိမ့်မည်ဟု မိမိတို့မျှော်လင့်ပါကြောင်း ဖော်ပြထားသည်။

တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးဖြစ်ကြသည့် ဦးမင်းအောင် (လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်နီနီမေမြင့် (လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် ဒေါ်ချစ်ချစ်ချော (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း) တို့သည် ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၃ နာရီကျော် ရက္ခိုင့်တပ်တော် (AA) မှ မြန်မာ့တပ်မတော်တာဝန်ရှိသူများ လက်သို့ မြေပုံမြို့နယ် မီးကျောင်းတက် ကျေးရွာတွင် လွှဲပြောင်းခဲ့သည်။

၎င်းတို့သုံးဦးသည် ၂ဝ၂ဝ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းကားကျေးရွာတွင် မဲဆွယ်စည်းရုံးရေးလုပ်နေစဉ် AA တပ်ဖွဲ့များ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ကြရသူများ ဖြစ်ကြသည်။

ဆက်စပ် သတင်းများ