- Web Master
- ၀၉ ဧပြီ ၂၀၂၄
(အာရက္ခတပ်တော်က လေယာဉ်ကွင်းကို ဦးတည်တိုက်ခိုက်လာနေ)
လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၁၀ ရက်/၂၀၂၄
သံတွဲမြို့ ဂေါ့တောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ဇွန် ၉ ရက်နှင့် ၁၀ ရက်၊ ၂ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ဒေသခံ တစ်ဦးက “ အေအေက သံတွဲလေယာဉ်ကွင်းကို အဓိက
ဦးတည်လာနေတာ။
ဂေါ့တောင်တန်းဖက်က တက်လာတယ်။
မှိုဟင်းပြင်ရွာ
ယခု တိုက်ပွဲဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနှင့် တချို့နေရာများမှာ (၆.၅) ကီလိုမီတာခန့်သာ ကွာဝေးသည်ဟု အေအေ၏ ဇွန်လ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်း အပါအဝင် မြေပြင်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကာ စစ်ကူပေးလျှက်ရှိသော်လည်း အေအေ၏ ထိုးစစ်ကို မကာကွယ်နိုင်ဘဲ ဖြစ်နေသည်ဟု အနီးအနားရှိ ဒေသခံများထံမှ သိရသည်။
ဇွန်လ ၉ ရက်နှင့်
ဇွန်လ ၁၀ ရက်နေ့ တို့တွင်
သံတွဲ မြို့ ဂေါ့ကျေးရွာအနီး ဂေါ့တောင်ပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ
ဖြစ်ပွားနေခြင်
“ လက်နက်ကြီး
ဆက်တိုက် ပစ်နေတာပါ။ ၂ ရက်ရှိပြီ၊
ဆက်တိုက်ပစ်တာ။
သံတွဲတစ်မြို့လုံးက ကြားနေရတယ်။
လက်နက်ကြီးရော လေယာဉ်ရော၊ ရေတပ်ကရော အချက်ပေါင်းရာချီပစ်
သံတွဲမြို့ တွင် ၃ရက်ခန့် လေယာဉ်ဖြင့် ဗုံးမကြဲပဲ ရပ်တန့်နေရာမှစစ်ကောင်စီမှ ဇွန်လ ၉ ရက်နေ့တွင် စတင်ကာ ပြန်လည် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ ဇွန်လ ၆ ရက်နေ့က ခလရ ၅၅ ထဲ ဗုံးမှားကြဲလို့ စစ်သားတွေ သေတယ်လို့ကြားတယ်။ အဲဒီ နောက်ပိုင်းက စပြီး ဗုံးကြဲတာရပ်နေတာ။ မနေ့က ပြန်ပြီးကြဲတယ်။ အေအေရှိနိုင်မယ်လို့ ထင်တဲ့ တောင်တန်းတွေကို ကြဲနေတာ”ဟု ၎င်းက ဆက်ပြောသည်။
ဂေါ့တောင်တန်းများအားဗုံးကြဲနေ
ဇွန်လ ၂ ရက်မှစတင်ကာ ငပလီမြောက်ဘက် ဂေါ့တောင်အနီးတစ်ဝိုက်တိုက်ပွဲ
ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာနေ
စစ်ကောင်စီတပ်ဖွဲ့များသည် ငပလီ၊ သံတွဲလေဆိပ်၌ တပ်
အေအေ၏ ဇွန် ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် “သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေး နှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နှင့် ၃ ရက်နေ့များ၌ တိုက်ပွဲများ အသီးသီး ဖြစ်ပွားခဲ့ကြောင်း၊ ရန်သူသည် ပင်လယ်ပြင်မှ စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအား အသည်းအသန် ခုခံ နေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေးလျက်ရှိကြောင်း” ဖော်ပြထားသည်။
သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း ရန်သူ၏ Speed Boat တစ်စီးအား မိမိတို့မှ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်း လျက်ရှိသည်ဟုလည်း အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲများကြောင့် ဂေါ့ကျေးရွာသားအချို့သည် ကျေးရွာအတွင်းပိတ်မိနေပြီး အနီအနားရှိ စပါးကြီးကျေးရွာ၊
မှိုဟင်းပြင်ကျေးရွာ၊ ခလရ ၅၆၆ အနီးရှိ
ဇီးဖြူကုန်းကျေးရွာတို့မှ ဒေသခံများမှာ စစ်ဘေး တိမ်းရှောင်နေကြကြောင်း သိ