စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

“ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အတိုင်ပင်ခံရော၊ ကာကွယ်ရေးဦးစီးချုပ်ရော၊ အကုန်လုံးကိုတော့ ဟိုလူပြော၊ ဒီလူပြောတာတွေကို မယုံပါနဲ့။ လက်တွေ့ကျကျ ကိုယ့်တပ်သားတွေ၊ ကိုယ့်အောက်ခြေက လူတွေကို စုံစမ်းပါ၊ လေ့လာပါ။”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇/ ၂ဝ၂ဝ (အင်တာဗျူး)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက ဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ သိမ်တော်တို့မှာ ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရပါသည်။ တိုက်ပွဲ အခြေအနေများကို တင်းမကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဦးဝါယာမိန္ဒ နှင့် ယခုလ ၁၃ ရက်နေ့က ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါသည်။ 

မေး- အရှင်ဘုရားတို့ ရွာအနီးမှာ တိုက်ပွဲက ဘယ်နေ့ကစပြီးဖြစ်နေတာပါလဲ အရှင်ဘုရား။

ဖြေ- တိုက်ပွဲစဖြစ်တာကတော့ ဒီနေ့နဲ့ပါဆိုရင် ဆယ်ရက်ဖြစ်ပြီပေါ့။ ဒီဖက်မှာဆိုလို့ရှိရင် ဦးဇင်းတို့ ဘုန်းတော်ကြီးကျောင်းမှာ လက်နက်ကြီးကျည် ကျလာတာက ၁၁ ရက်နေ့ အင်္ဂါနေ့ နံနက် ၇ နာရီ လောက်မှာ သူတို့စတင်ပြီးတော့ ပစ်ခတ်နေကြတယ်။ ပစ်ခတ်နေကြပြီဆိုတော့ တင်းမရဲ့ တစ်မိုင် အတိုင်းအတာ လောက်မှာ ခဘော်ရွာဆိုတဲ့ ရွာကလေးရှိတယ်။ အဲဒီရွာကနေပြီးတော့ လက်နက်ကြီး တွေနဲ့ ရွာကို သက်သက် ပစ်နေသလိုမျိုးဖြစ်နေတယ်။ ကျောင်းမှာ ၇ လုံးလောက်ကျတယ်။ ဘုန်းကြီးကျောင်းကို တမင် ပစ်နေတာဘဲ။ ကျောင်းခေါင်ကလည်း ပွင့်သွားတယ်။ အထဲမှာလည်း ပျက်စီးသွားတယ်။ ဦးဇင်းကြီး တစ်ပါးနဲ့ ဦးဇင်းငယ်လည်း တစ်ပါးဆိုရင် အခန်းထဲမှာမရှိလို့။  မဟုတ်ဆိုလို့ ရှိရင် တကယ့် ပျံလွန်တော် မူသွားနိုင်တယ်။ လက်နက်ကြီးကျည်က အခန်းထဲကို ဖေါက်ဝင်သွားတာ။ ဦးဇင်းတို့ အဲဒီနေ့က ဆွမ်းတောင် မစားခဲ့ရဘူး။ ဓမ္မာရုံလည်း ပွင့်ထွက်သွားတယ်။ သိမ်မှာလည်းတစ်လုံးကျတယ်။ နောက်ပြီးတော့ အနီး အနားမှာ ကျတယ်။ ကျောင်းထဲကိုဘဲ ပစ်တာဘဲ။ အဲဒါတွေကို ကျတာတော့ သိပ်မကောင်းဘူး။ သာသနာ့ကို ထိခိုက်တာပေါ့။ အဲဒါတွေကျတော့ မလုပ်သင့်ဘူးလို့ ဦးဇင်းတို့က ထင်တယ်။

မေး-အဲဒါတွေက ဘယ်သူတွေက ပစ်တာပါလဲ။
ဖြေ- အဲဒါတွေကတော့အစိုးရတပ်က ပစ်တာဘဲ။ မြန်မာ့တပ်မတော်က ပစ်တာဘဲ တကာကြီး။

မေး- သူတို့က ဘာရည်ရွယ်ချက်နဲ့ ပစ်တာပါလဲ အရှင်ဘုရား။
ဖြေ- သူတို့ အထင်ကိုပြောမယ်ဆိုတော့ ဒီရွာကလူတွေပါနေသလား၊ အဲလိုမျိုးအယူဆတွေနဲ့ ပစ်တာဖြစ်မယ်။

မေး- ဒီလို ကျောင်းတွေ၊ ရွာတွေကို သေနတ်တွေနဲ့ ပစ်တာကို AA ကလို့  စစ်တပ်ဘက်က ပြောနေတာတွေ အများကြီးဖြစ်ပေါ်နေပါတယ်။ အဲတာတွေကတော့ AAက ပစ်တာကောမဖြစ်နိုင်ဘူးလား။
ဖြေ- အဲတာတွေကတော့ မဟုတ်ဘူး။ ဦးဇင်းရဲရဲ ပြောရဲတယ်။ ဦးဇင်းတို့  ထင်သလောက်ဆိုလို့ရှိရင်တော့ ။ ရွာဖက်မှာ သူတို့ မရှိဘူး။ တောင်တန်းမှာဖြစ်တာဘဲ။ ခဘော်ရွာက နေပြီးတော့ တပ်ကနေ  ၆ဝ မမ နဲ့ ပစ်တာဘဲ။ ဦးဇင်းရဲရဲပြောရဲတယ် ။ ဒါကတော့ အမှန်ကို အမှန်အတိုင်း ဦးဇင်းတို့ ခံစားရတဲ့ဟာကို ပြောပြတာပါ။ ဦးဇင်းကောင်းကောင်းသိတယ်။ ဒါ မြန်မာ့တပ်မတော်က ပစ်တာပါ။

မေး- တိုက်ပွဲက ဘယ်မှာဖြစ်တာပါလဲ။ ဘယ်နေရာမှာဖြစ်တာပါလဲ။ 
ဖြေ- တိုက်ပွဲဖြစ်တာကတော့ တင်းမကျေးရွာရဲ့ အရှေ့ဖက်တောင်တန်း ̏ တောင်ရှည်တောင်˝လို့လည်း ခေါ်တယ်။ အဲဒီ တောင်တန်းမှာဖြစ်တာ။ ဒါကတော့ ဦးဇင်းတို့ ရပ်သူ၊ ရွာသားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒီ အနားမှာ ဝက်မကျရွာဆိုတာလည်းရှိတယ်။ ဒီဘက်မှာ တင်းမ၊  အဲဒီဘက်က ခဘော်ရွာ ဆိုတာတွေလည်း ရှိတယ်။ ရွာတွေက ပတ်ပတ်လည်ပေါ့၊ သူတို့ပစ်ခတ်မယ် ဆိုလိုရှိရင်တော့ ဒီဘက်ကို ပစ်ခတ်စရာတော့ မလိုဘူး။  သူတို့အနေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ တောင်ပေါ်မှာ ပစ်လို့ရတာဘဲ။

မေး- စစ်ပွဲဖြစ်တဲ့နေရာနဲ့ အရှင်ဘုရားတို့နဲ့  ဘယ်လောက်ဝေးပါသလဲ။
ဖြေ- ဦးဇင်းတို့ ရွာနဲ့တစ်မိုင်ကျော်လောက်တော့ ဝေးတယ်။ ခဘော်ရွာနဲ့ဆိုတော့ တစ်မိုင်ခွဲလောက်ရှိမယ်။

မေး- တိုက်ပွဲက ဘယ်နေ့ကစဖြစ်တာပါလဲ။
ဖြေ- တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာဘဲ။ အခုလည်း ကွက်ကျား ပစ်ခတ်တုန်းဘဲ ရှိသေးတယ်။ ဒီနေ့  နဲ့ဆိုရင် ဆယ်ရက်ပြည့်ပြီ။ တိုက်ပွဲက နည်းနည်းတော့ စဲလာတယ်။ ဒါပေမယ့် ဖြစ်သေးတယ်။ ဟိုတစ်နေ့က ဆိုလိုရှိရင် ဂျက်လေယာဉ်နဲ့ လာပစ်လိုက်၊ တိုက်လေယာဉ်တွေလာပစ်လိုက်နဲ့။ ရပ်သူ ရွာသားတွေ ထိတ်လန့်ပြီးတော့ တအားကြောက်လန့်နေကြတယ်။ လုပ်ကိုင်စားသောက်ဖို့လည်းမရဘူး။ နွားတွေဆိုလိုရှိရင် တအားသေကြတာ။

မေး- နွားတွေကဘာကြောင့် သေတာပါလဲ။
ဖြေ- နွားတွေက လက်နက်ကြီးကျပြီး သေကြတာ။

မေး- တိုက်ပွဲက အဲဒီတစ်နေရာတည်းမှာ ဘာကြောင့် ဖြစ်နေရတာပါလဲ။
ဖြေ- ဦးဇင်းတို့အထင်တော့ မီးချောင်းမှာ ဗျူဟာကုန်းရှိတယ်။ ဗျူဟာကုန်းမှာ တိုက်ပွဲကျတယ်လို့ ကြားတယ်။ အဲဒီမှာ တိုက်ပွဲစဖြစ်တာနဲ့ ဒီကနေပြီးတော့ ရက္ခိုင့်တပ်တော်က ဖြတ်တောက် တိုက်တာဘဲ ဖြစ်မယ်ထင်တယ်။ သူတို့ တက်လာတာနဲ့ တောင်ရှည်မှာဘဲ တိုက်ပွဲဖြစ်တာကြားတယ်။ အရင်တုန်း ကတော့ အဲလိုမျိုးရက်ရှည်မဖြစ်ဘူး။ ၁၅ မိနစ်လောက်ဆိုလိုရှိရင် တိုက်ပွဲက ပြီးသွားတာ။ အခုက ရက်ပေါင်း ၁ဝ ကျော်နီးပါးလောက်ဖြစ်လာပြီ ဖြစ်လာပြီဆိုတော့ တအားကို လူတွေက စိတ်ထိခိုက်ရတယ်။ ဟိုတစ်နေ့က ဒေါ်ဦးကျော့စိန်ဆိုလိုရှိရင် လက်နက်ကြီးကျည်ထိလို့ ညာဖက်ခြေထောက်တစ်ဖက် ပြတ်သွားတယ်။

မေး- ဂျက်တိုက်လေယာဉ်တွေနဲ့၊ ရဟတ်ယာဉ်တွေနဲ့ တိုက်တယ်ဆိုတော့ အရှင်ဘုရား မြင်ရသလောက် တိုက်ပွဲကဘယ်လောက်ထိပြင်းပါလေ။
ဖြေ- တိုက်ပွဲတွေက ဦးဇင်းမြင်ရသလောက်ဆိုရင် ကြည့်ကို မကြည့်ရဲတော့ဘူး။ ဗီဒီယို ဇာတ်ကားမှာလိုဘဲ။ နိုင်ငံခြား ဇာတ်ကားလားလို့တောင် အောက်မေ့တယ်။ အဲလိုမျိုးတိုက်ပွဲတွေ တစ်ခါမှ ကြားတောင် မကြားဖူးဘူး။ အခုနောက်ဆုံးပေါ် ဂျက်လေယာဉ်တွေ အသံဘဲကြားလိုက်ရတယ်။ အကောင်ကို မမြင်လိုက်ရဘူး။ အဲလောက်ထိမြန်တဲ့ဟာတွေနဲ့ တိုက်နေတာ။ တိုက်လေယာဉ်နှစ်စီး၊ သုံးစီး အဲသလိုမျိုးနဲ့ တိုက်တာ။ ဒီလို တိုက်ပွဲတွေကြောင့်  လူထုတွေက အရမ်းထိတ်လန့်စရာ ကောင်းတာပေါ့။ ဒါတွေတော့ မဖြစ်သင့်ဘူး။ ပြည်သူလူထုတွေ တော်တော် ဒုက္ခရောက်တာပေါ့။

မေး- တိုက်ပွဲက အခုထက်ထိ မပြီးသေးဘူးဆိုတော့၊  ရှေ့ဆက်ပြီးတော့လည်း ဖြစ်နိုင်ဖို့ အနေအထားတွေ ရှိပါသလား။
ဖြေ- ရှေ့မှာလည်း တင်းမာနေတဲ့ အနေအထားတော့ တွေ့ရတယ်။ ဟိုဖက်ကလည်း ဆုတ်ပုံမရဘူး။ ဒီဖက်ကလည်း ဆုတ်ပုံမရဘူး။ ဒါကြောင့် အရမ်းကို တင်းမာနေတဲ့ သဘောရှိတယ်။

မေး- ဒီလို ဖြစ်နေတော့ နောက်ထပ်ဖြည့်စွက်ပြီးတော့ ပြောစရာရှိပါသလား။ အရှင်ဘုရား။
ဖြေ- နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အတိုင်ပင်ခံရော၊ ကာကွယ်ရေးဦးစီးချုပ်ရော၊ အကုန်လုံးကိုတော့ ဟိုလူပြော၊ ဒီလူပြောတာတွေကို မယုံပါနဲ့ ။ လက်တွေ့ကျကျကို ကိုယ့်တပ်သားတွေ၊ ကိုယ့်အောက်ခြေက လူတွေကို စုံစမ်းပါ၊ လေ့လာပါ။ ပြည်သူ့လူထု ခံစားနေရတဲ့ ခံစားချက်တွေကို နည်းနည်းလောက် မေးကြည့်ပေးပါလို့ ဦးဇင်းတို့က တောင်းဆိုချင်တယ်။

မေး-အရှင်ဘုရားဘွဲ့နာမေနဲ့ ကျောင်းထိုင်နေတဲ့ နေရာကို ပြောပေးပါ။
ဖြေ- တင်းမကြီးကျောင်း၊ ကျောင်းထိုင် ဦးဝါယာမိန္ဒ။

မေး- ဝါတော်ဘယ်လောက်ရှိပါပြီလဲ အရှင်ဘုရား။
ဖြေ- ဝါတော် ၁၈ ဝါ။

(ပြီး)

-----------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၇/ ၂ဝ၂ဝ
















ဖွေ- ဝါတျော ၁၈ ဝါ။

(ပွီး)



ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး