- Web Master
- ၂၀ မေ ၂၀၂၄
သဉ္ဇာနွယ်/နိရဉ္စရာ၊ ဧပြီ
၁၁/၂၀၂၄
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်
၊အင်းကြင်းမြိုင် (နတလ) ကျေးရွာတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူ ၅ ဦးကို
စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သုံးရက်ကြာသည်အထိ မိသားစုနှင့်
အဆက်အသွယ် မရ ပျောက်ဆုံးနေကြောင်း
သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ
စိုင်းဒင်အထက်ပိုင်း ကျေးရွာများမှဖြစ်ပြီး ဦးကိုသန်းမောင်၊ ဦးထွန်းအောင်၊ ဦးဝေသာမောင်၊ ဦးရွှေ
၎င်းတို့သည် ၅ ဦးသည် ဘူးသီးတောင်မြို့နယ် အင်ကြင်းကျေးရွာကို
စျေးဝယ်လာစဉ် ဧပြီ
၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့် က ခမရ(၅၅၁)တပ်ရင်းမှ တပ်သားများမှ ရွာထဲသို့ဝင်ရောက်ပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
" သူတို့က
အင်ကြင်းမြိုင်ကို ဈေးလာဝယ်တာ။ ခမရ ၅၅၁ တပ်က စစ်သားတွေဝင်ပြီး ဖမ်းတာ။ ဘာအပြစ်မှ မရှိဘဲ ဖမ်းသွားတာ။
ဘာကြောင့် ဖမ်းသွား
မှန်းမသိဘူး။ ၅၅၁ ထဲကိုပဲ ခေါ်သွားတယ် " ဟုပြောသည်။
ဖမ်းဆီးခံရသူများမှာ
၃ ရက်ကြာသည်ထိ အဆက်အသွယ်မရသဖြင့် စိုးရိမ်နေကြကြောင်း မိသားစုဝင်များက
ပြောသည်။
" အခုချိန်ထိ
မိသားစုတွေနဲ့ရော ရွာကလူတွေနဲ့ရောအဆက်သွယ်မရကြသေး
ဘူးသီးတောင်တွင်
စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် (AA)က ဝင်ရောက် တိုက်ခိုက်နေသဖြင့်
တိုက်ပွဲများပြင်းထန်နေကြောင်း
ဘူးသီးတောင်အခြေစိုက် ခမရ
(၅၆၄) တပ်ရင်းဌာနချုပ်အား ယခုလ ၅ ရက်နေ့ကလည်းကောင်း၊ ခမရ
(၅၅၂) တပ်ရင်းနှင့်
တောင်ဘဇားစခန်းကို မတ်လ
၂၅ ရက်နေ့ကလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။
ဘူးသီးတောင်မြို့အနီးအနားထိ တိုက်ပွဲများဖြစ်ပွားလာနေသဖြင့် မြို့ပေါ်ဒေသခံများ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရသည်မှာ
၂လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း