စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

အမ်းမြို့အမှတ် (၃) ရပ်ကွက်မှဒေသခံတစ်ဦးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 505

မင်းသျှင်စော၊ နိရဉ္စရာ ၊စက်တင်ဘာ၂၇ ၊ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့ အမှတ် (၃) ရပ်ကွက်မှ ဒေသခံတစ်ဦး ကို ရဲနင့်စရဖတို့မှ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။

ဖမ်းဆီးခံရသူမှာ အမှတ် (၃)ရပ်ကွက်နေ မောင်ကိုရဲမောင်( ၂၆) နှစ်ဟု သိရသည်။ 

မိသားစုဝင်တစ်ဦးက "မနေ့ညက နေ့လယ်ဘက်ပေါ့နော်။ ရဲနဲ့ စရဖတို့ ပူးပေါင်းအဖွဲ့က အိမ်ကို ရောက်လာကြပြီး သူ့ကိုဖမ်းသွားတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူကစားနပ်ရိက္ခာတွေ မြို့ပြင်ပကို ခိုးထုတ်တယ်ဆိုပြီး ဖမ်းတာလို့ ပြောတယ်" ဟု ပြောကြားသည်။ 

ဖမ်းဆီးခံရသူသည် ဆေးဝါးနှင့် စားနပ်ရိက္ခာများကို အမ်းမြို့မှ တဆင့် နယ်ကျေးရွာသို့ ခိုးထုတ်သည်ဟု စွပ်စွဲထားပြီး ယခုလက်ရှိ အမ်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရှိရသည်။

ထိုသို့ ဖမ်းဆီးထားပြီးနောက် မိသားစုနဲ့တွေ့ခွင့်မရသေးဟု သိရသည်။

စစ်ကောင်စီသည် အမ်းမြို့ပေါ်မှ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို နယ်ကျေးရွာများသို့ သယ်ယူခွင့် ပိတ်ပင်ထားသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ဟု ဆိုသည်။ 

အမ်းဒေသခံများသည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို အပိတ်ခံထားရသဖြင့်  ဆေးဝါးမလုံလောက်မူ၊ ရိက္ခာမလုံလောက်မှု အခြေနေဖြင့် ရင်ဆိုင်နေရသည့် အပြင် ဆေးကုသခွင့်လည်း ဆုံးရှုံးနေကြရသည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ