အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

တရုတ်အာကာသလွန်းပျံယာဉ်အစိတ်အပိုင်းဟုယူဆရသောမီးတန်းကြီးတစ်ခု မာန်အောင်မြို့တောင်ဘက် ပင်လယ်ထဲထိုးကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.2k

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၇/၂ဝ၂ဝ

တရုတ်နိုင်ငံ အာကာသလွန်းပျံယာဉ်၏ မလိုအပ်သော အစိတ်အပိုင်းများ မာန်အောင်မြို့ တောင်ဘက် ၄၅ မိုင်အကွာ ပင်လယ်ပြင်ကို ကျရောက်နိုင်သည်ဟု သတိပေးချက် ထွက်လာပြီးနောက် ယနေ့ (ဒီဇင်ဘာ ၂၇) ရက် ည ၁ဝ နာရီကျော် အချိန်က မီးတန်းကြီးတစ်ခုသည် မာန်အောင်ကျွန်းတောင်ဘက်သို့ ထိုးကျသွားခဲ့သည်ဟု မျက်မြင် ဒေသံများက ပြောကြားသည်။

ကိုယ်တိုင်မြင်လိုက်ပြီး ဓာတ်ပုံ မှတ်တမ်းတင်ထားသူ မာန်အောင်မြို့နယ်၊ မြတ်မချောင်ကျေးရွာမှ ကိုအောင်လင်းထွန်းက “ ညဉ့် ၁ဝ နာရီကျော်လောက်မှာ မီးတန်းတစ်ခု မြောက်ဘက်ကနေ မာန်အောင်ကျွန်းပေါ်ကို ဖြတ်ပြီး မာန်အောင်မြို့တောင်ဘက် ပင်လယ်ထဲကို ကျသွားပါတယ်။ အချိန်က ၁ဝ နာရီခွဲလောက်ရှိပါမယ်။ မီးတန်းကြီးဆိုတော့ တစ်ကျွန်းလုံးက ဒေသခံတွေ မြင်ရနိုင်ပါတယ်။ ကျွန်တော်တို့ ရွာပြင်ကနေ ကြည့်တာဆိုတော့ အထင်အရှား မြင်ရပါတယ်” ဟု ပြောသည်။

၎င်းက ၎င်းမီးတန်းကြီးမှာ တရုတ်နိုင်ငံ အာကာသလွန်းပျံယာဉ်၏ မလိုအပ်သော အစိတ်အပိုင်းဖြစ်နိုင်သည်ဟု ပြောဆိုသည်။

“ ဒီက လူတွေ ခန့်မှန်းတာက မာန်အောင်ကျွန်းတောင်ဘက် ၁၆ မိုင်လောက်အကွာ ပင်လယ်ထဲကျတယ် လို့တော့ ခန့်မှန်းပြောဆိုနေကြပါတယ်။ ရေထဲကို ကျတဲ့အခါတော့ အသံတစ်ခုတော့ ကြားရတယ်။ ဒါက တရုတ်နိုင်ငံ အာကာသလွန်းပျံယာဉ်၏ မလိုအပ်သော အစိတ်အပိုင်းဖြစ်ဖို့သေချာပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ညဉ့်အချိန်ဖြစ်သဖြင့် မာန်အောင်မြို့နယ် ဒေသအာဏာပိုင်များကို ဖုန်းဆက်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။


(ဓာတ်ပုံ- ယနေ့ ည ၁ဝ နာရီကျော်က မာန်အောင်ကျွန်းပေါ်က ဖြတ်သန်းသွားသည့် မီးတန်းကြီးကို တွေ့ရစဉ်)

ဆက်စပ် သတင်းများ