ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တရုတ်အာကာသယာဉ်အပိုင်းအစများ ဒီဇင်ဘာ ၆ရက်မှ ၁၂ ရက်အတွင်း ရခိုင်ပင်လယ်ပြင်ထဲကျနိုင်ဟု အသိပေးထားသဖြင့် သတိဖြင့်သွားလာကြရန်လိုအပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1k

နိရဉ္စရာ၊ ဒီဇင်ဘာ၆ /၂၀၂၁

 

တရုတ်ပြည်မှ လွှတ်တင်ထားသော Spaceflight အာကာသယာဉ်၏ မလိုအပ်သော အစိတ်အပိုင်း များသည်  ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း ရခိုင်ပင်လယ်ပြင်ထဲ ကျရောက်နိုင်သဖြင့် သတိဖြင့် သွားလာကြရန် သက်ဆိုင်ရာက သတိပေးချက် ထုတ်ပြန်ထားသည်။

 

၎င်း အကာသယာဉ် အပိုင်းအစများသည် နေ့စဉ် နံနက် ၅ နာရီခွဲမှ ၈ နာရီခွဲအတွင်း ကျရောက်  နိုင်သည်ဟု ဆိုသည်။

 

ယခု တစ်ကြိမ် ကျရောက်မည့်နေရာမှာ ခိုင်ပြည်နယ် သံတွဲလေဆိပ်၏ အနောက် တောင်ဘက် ရေမိုင် ၁၈ မိုင်၊ မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၂၈ မိုင်၊ ပုသိမ်လေဆိပ်၏ အနောက်ဘက် ရေမိုင် ၆၁ မိုင်အကွာတွင် ဖြစ်သည်ဟု ဆိုသည်။

 

လွန်ခဲ့သည့် နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကလည်း စစ်တွေမြို့အနီး ရခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာယာဉ်အပိုင်းအချို့ကျရောက်ခဲ့သဖြင့် ဒေသခံများအကြား စိုးရိမ်မှုဖြစ်ပေါ်ခဲ့သည်။

 

မြန်မာနိုင်ငံအတွင်း ယခုကျရောက်မည့်တရုတ်အာကာသယာဉ်အပိုင်းအစများကျရောက်၍ ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တာဝန်ရှိကြောင်း မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားရာတွင် ဖော်ပြထားသည်။

 

(ဓာတ်ပုံ - နိုဝင်ဘာ ၂၃ ရက်က စစ်တွေမြို့အနီး ရခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစအချို့ ကျရောက်ခဲ့စဉ်။ Photo - Mra Thiri)

ဆက်စပ် သတင်းများ