သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

နောက်ဆုံးရအားကစားသတင်း အတိုအထွာများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 5.9k

၂၇/၆/၂ဝ၁၉


-    အမျိုးသမီးကမ္ဘာ့ဖလားပွဲစဉ်တွင် နယ်သလန် အသင်းက ဂျပန်အသင်းကို ၂-၁ ဂိုးဖြင့်လည်းကောင်း အီတလီအသင်းက တရုတ်အသင်းကို ၂-ဝ ဖြင့်အနို်င်ရရှိခဲ့ပြီး ကွားတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ကြပြီဖြစ်သည်။

-    အမျိုးသမီးကမ္ဘာဖလား ကွားတားဖိုင်နယ်တွင် အင်္ဂလန်အသင်းနှင့် နော်ဝေး ၊ပြင်သစ် အသင်းနှင့် အမေရိကန်၊ အီတလီ နှင့် နယ်သလန်အသင်း ၊ဂျာမနီ နှင့် ဆွီဒင်အသင်း တို့အသီးသီးတို့တွေ့ဆုံနေကြောင်းသိရသည်။

-    PSG အသင်း၏ ဘရာဇီလ်းအသင်းတိုက်စစ်မှုး နေမာသည် ဘာစီလိုနာအသင်းသို့ ပြန်လည် ပြောင်းရွှေ့ရန် ပုဂိုလ်ရေး သဘောတူညီမှုရရှိသွားပြီဖြစ်သည်။

-    မန်ချက်စတာယူနိုက်တက်အသင်းသည် ခရေစတယ်ပဲလေ့စ် ညာနောက်ခံလူ အာရမ် ဝမ် ဘက်စကာ ကို ပေါင်သန်းငါးဆယ်ဖြင့် ခေါ်ယူနိုင်ရန်အလွန်နီးစပ်နေပြီး မကြာမီခေါ်ယူနို်င်တော့မည်ဖြစ်သည်။

-    ချဲလ်ဆီးအသင်းနည်းပြအသစ်အဖြစ် ကစားသမားဟောင်း ဖရန့် လမ်းပတ် ကို နှစ်နှစ် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။

-    အဲဗာတန်အသင်းသည် ဘာစီလိုနာအသင်း ကွင်းလယ်လူ အင်ဒရီ ဂိုမက်စ် ကို ပေါင် (၂၂) သန်းဖြင့် ငါးနှစ်စာချုပ်ချုပ် ဆိုကာ နှင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။

-    မန်ချက်စီးတီးအသင်း၏ စပိန် ကွင်းလယ်ကစားသမား ဒေးဗစ်ဆဲလ်ဗား သည် အသင်းနှင့် ဆယ်နှစ်တာ ကစားပြီး လာမည့်ဘောလုံးရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်သည်။

-    နယူးကာဆယ် အသင်းနည်းပြဖြစ်သူ စပိန်လူမျိုးဘင်နီတက်သည် အသင်းမှနှတ်ထွက်သွားခဲ့ပြီဖြစ်သည်။ 
 
-    Myanmar National League ပွဲစဉ် (၁၃) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းသည် ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အဝေးကွင်းတွင်အနိုင်ရရှိပြီး အဆင့် (၇) နေရာသို့ တက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။


ALH (စစ်တွေ) စုစည်းတင်ပြသည်။

ဆက်စပ် သတင်းများ