ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကိုပါဖလား ကွားတားဖိုင်နယ်တွင် အာဂျင်တီးနား အနိုင်ရပြီး ဘရာဇီလ်နှင့် ဆီမီးဖိုင်နယ် ကစားရမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 5k


ALH (SKY) တင်ပြသည်။


 ကိုပါတောင်အမေရိကဖလား ကွားတားဖိုင်နယ် ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနှင့် ဗင်နီဇွဲလားအသင်းတို့ ယနေ့နံနက်ကစားကြရာ အာဂျင်တီးနားအသင်းက ခြေစွမ်းအသာဖြင့် ကစားပြီး တိုက်စစ်မှုး မာတီနက်စ် နှင့် ဆလ်ဆို တို့၏ သွင်းဂိုးများဖြင့် အနို်င်ရာရှိကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်နို်င်ခဲ့ပြီဖြစ်သည်။


ဆီးမီးဖိုင်နယ်ပွဲစဉ်ကိုမူ အိမ်ရှင်ဘရာဇီလ်းအသင်းနှင့် လာမည့် ဇူလိူင်လ (၃) ရက်နေ့တွင် ကစားကြမည်ဖြစ်သည်။


အာဂျင်တီးနားအသင်းတွင် မက်ဆီ၊ အဂွဲရိုး၊ မာတီနက်စ် တိုက်စစ်အတွဲပွဲထွက်လာခဲ့ပြီး ပွဲအစ ဆယ်မိနစ်ကပင် မာတီနက်စ်ဂိုးဖြင့်ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်း (၇၅) မိနစ်တွင် အဂွေးရိုး၏ ကန်သွင်းရာမှ ပြန်ထွက်လာသည့်ဘောလုံးကို ဆလ်ဆိုက ပိတ်သွင်းနိုင်ခဲ့လည်းဖြစ်သည်။


အာဂျင်တီးနားအသင်း တိုက်စစ်မှုးများ ဂိုးသွင်းသေချာပါက နောက်ထပ်သွင်းဂိုးများ ရနု်ိင်မည်ဖြစ်သော်လည်း ဘောလုံးပိုင်ဆိုင်မှု (၆ဝ) ရာခိုင်နူန်း ခန့်ဖြင့် ခြေအသာဖြင့် ကစားနို်င်ခဲ့ခြင်းလည်းဖြစ်သည်။


အသင်းခေါင်းဆောင် မက်ဆီမှာ ယနေ့ပွဲစဉ်တွင်လည်း ဂိုးပေါက်ပျောက်ဆုံးနေဆဲဖြစ်ပြီး အဂွဲရိုးကတော့ ခြေစွမး်ပြကစားနိုင်ခဲ့သည်။ တိုက်စစ်မှုး ရီဒွင် ဦးဆောင်လာခဲ့သည့် ဗင်နီဇွဲလားအသင်းမှာ ထူးထူးခြားခြားလုပ်ပြနို်င်စွမ်းမရှိဘဲ အာဂျင်တီးနား ကွင်းလယ်တိုက်စစ်၏ ဖိအားပေးခြင်းကိုခံခဲ့ရာကာ နှစ်ဂိုးပေးလိုက်ရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။


 အခြားကွားတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သော လက်ရှိချန်ပီယံ ချီလီ နှင့် ကိုလံဘီယာ အသင်းတို့၏ ပွဲစဉ်တွင် မိနစ်ကိုးဆယ်အတွင်း တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနို်င်ကြဘဲ ပယ်နယ်တီ အဆုံးဖြတ်ခံယူခဲ့ကြကြောင်းသိရသည်။ ပယ်နယ်တီငါးလုံးစီကန်သွင်းမှုမှာ နှစ်သင်းစလုံးမှ လေးလုံးစီ ဝင်အောင်ကန်သွင်းနို်င်ကြပြီး ငါးလုံးမြောက်တွင် ကိုလံဘီယာအသင်းမှ ဝီလျံ တလ်စီလိုကန်သွင်းချက်ဘေးသို့ ချော်ထွက်ခဲ့ပြီး ချီလီအသင်းမှ ဆီမီးဖိုင်နယ်ရောက်စေမည့် အဆုံးဖြတ်ပယ်နယ်တီအား မန်ယူကစားသမား ဆန်းချက်စ် မှ ဝင်အောင်ကန်သွင်းကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


ဆီမီးဖိုင်နယ်တွင် မနက်ဖြန် ကစားမည့် ဥရုဂွေးအသင်းနှင့် ပီရူးအသင်းတိုပွဲစဉ် တွင် အနို်င်ရမည့်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဆက်စပ် သတင်းများ