သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

MNL ပွဲစဉ် (၁၅) တွင် ရခိုင်က ဇွဲကပင်အသင်းကို (၄-၃) ဂိုးဖြင့်အနိုင်ယူပြီး အဆင့် (၆) နေရာတက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 5.4k

ALH (SKY) တင်ပြသည်။


 Myanmar National League ဘောလုံးပွဲစဉ် (၁၅) ကိုယမန်နေ့ကရန်ကုန်မှာ ကစားခဲ့ကြရာ ရခိုင်ယူနိုက်တက်ကလပ်အသင်းက ဇွဲကပင် ယူနိုက်တက် အသင်းကို နောက်ကနေလိုက်ကာ အကြိတ်အနယ်ကစားပြီး သုံးဂိုးစီသရေကျနေချိန် ပွဲပြီးဆုံးခါနီး တိုက်စစ်မှုး ဆင်မြူရယ်၏ သွင်းဂိုးဖြင့်အနို်င်ရရှိခဲ့ပါတယ်။


ဇွဲကပင်အတွက်ဂိုးတွေကို ယာဆန် (၄)မိနစ်၊ သိန်းတန် (၅၃) မိနစ်၊ ကမ် (၅၅) မိနစ်တွေမှာကန်သွင်းယူခဲ့တာဖြစ်ပြီး ရခိုင်အသင်းအတွက် အောင်သန့်ဇော်က (၈)မိနစ်၊ ဇော်သိန်းဝင်း က (၆၈၊၇၆) မိနစ်တွေမှာ ချေပဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပွဲပြီးခါနီး ထပ်ဆောင်းအချိန်ပို (၉၃) မိနစ် မှာ ဆင်မြူရယ်က အနို်င်ဂိုးကန်သွင်းပြီး အဆင့် (၆) နေရာမှ ရတနာပုံအသင်း ရှူံးနိမ့်မှုကိုအခွင့်ကောင်းယူကာ တက်လှမ်းခဲ့တာဖြစ်ပါတယ်။


အဆင့်(၅) နေရာမှာတော့ ရခိုင်အသင်းနှင့် ရမှတ်တူပေမယ့် ဂိုးကွာခြားချက်နဲ့ စစ်ကိုင်းယူနိုက်တက်က ရပ်တည်နေပါတယ်။

ဆက်စပ် သတင်းများ