သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ယူနိုက်တက် အိမ်ကွင်းတွင် အားကာသိပ္ပံအသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 7.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇန်နဝါရီ ၂၇ / ၂ဝ၂ဝ

ဇန်နဝါရီ ၂၆ ရက်နေ့က စစ်တွေအိမ်ကွင်းပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းက အားကာသိပ္ပံအသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။

၂ဝ၂ဝ ဘောလုံးရာသီအတွက် အိမ်ကွင်းပထမဆုံးပွဲစဉ်အဖြစ် ဝေသာလီအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားကြရာ၌ ရခိုင် ယူနိုက်တက်အသင်းက အနိုင်ရရှိခြင်း ဖြစ်သည်။

"အခုကတော့ ကျနော်တို့ မြန်မာနေရှင်နယ်လိဂ်မှာ အမှတ်ပေးပြိုင်ပွဲမှာ အခုဟာက ပွဲစဉ် ၃ ပေါ့လေ။ ပွဲစဉ် ၃ မှာ အိမ်ကွင်း ပထမဆုံးပွဲပါ။ ဒီ ၂ဝ၂ဝ ဘောလုံးရာသီအတွက် အိမ်ကွင်းပထမဆုံးပွဲမှာ ကျနော်တို့ အနိုင်ရတာပါ။ ကျနော်တို့ ဒီပွဲကို အနိုင်ရတဲ့အတွက် လောလောဆယ် အမှတ်ပေးဇယားအဆင့် (၄)မှာပဲ ရှိပါတယ်"ဟု ရခိုင်ယူနိုက်တက်ေ ဘာလုံးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုသက်ထူးနိုင်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း အိမ်ကွင်းဖြစ်သည့် ဝေသာလီဘောလုံး အားကစားကွင်း၌ ရတနာပုံဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ရန်ရှိသည်။

 ယင်းနောက် ချင်းအသင်း၊ မကွေးအသင်းတို့နှင့်လည်း ဖေဖော်ဝါရီလအတွင်း ဆက်တိုက် ယှဉ်ပြိုင်ရန်ရှိသည်ဟုလည်း ဆိုသည်။

"ကျနော်တို့ စစ်တွေမှာ လေးပွဲဆက်တိုက်ကန်ရမယ်။ ပထမအကျော့မှာ အိမ်ကွင်း စစ်တွေမှာ ၆ ပွဲကန်ရမယ်။ မနေ့ဆို ပထမဆုံးပွဲပေါ့လေ။ ပထမဆုံးပွဲမှာ နိုင်ပါတယ်။ ဒုတိယအကျော့မှာ အိမ်ကွင်း ၅ ပွဲရှိပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကိုတော့ မေလမှာ စမှာဖြစ်ပါတယ်"ဟု ကိုသက်ထူးနိုင်ဦးက ပြောသည်။

ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည် ၂ဝ၂ဝ ဘောလုံးရာသီတွင် အိမ်ကွင်း ၁၁ ပွဲနှင့် အဝေးကွင်း ၁၁ ပွဲယှဉ်ပြိုင်သွားရမည်ဟုလည်း သိရသည်။

ဓာတ်ပုံ - RUFC

---------------------------

Unicode:









ဓာတျပုံ - RUFC

ဆက်စပ် သတင်းများ