သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဂျပန်နိုင်ငံ အလယ်တန်းအဆင့်ဘော်လီဘောပြိုင်ပွဲတွင် ရခိုင်အမျိုးသမီးတစ်ငယ်တစ်ဦး အကောင်းဆုံးကစားသမားဆုရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.9k

နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၁၀/ ၂၀၂၁
ဂျပန်နိုင်ငံနိုင်ငံ အလယ်တန်းအဆင့် ဘော်လီဘောပြိုင်ပွဲတွင် ဂျပန်အသင်းကိုယ်စားပြုကစားခဲ့သည့် ရခိုင်အမျိုးသမီးတစ်ငယ်တစ်ဦး အကောင်းဆုံးကစားသမားဆုရရှိသွားကြောင်း သိရသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်နေထိုင်သည့် ရခိုင်အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မရီမွန်မြတ် (၁၄ နှစ်)သည် ဂျပန်တစ်နိုင်ငံလုံး အလယ်တန်းအဆင့် ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်က ရရှိသွားခြင်းဖြစ်သည်သည်။
မရီမွန်မြတ်၏ ဖခင်လည်းဖြစ်၊ ဂျပန် ရခိုင်လူမှုရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးမြတ်သူက “ကျနော့်သမီးက ဂျပန် JOC ကနေပြီးတော့ အလားအလာကောင်းတယ်ဆိုပြီးတော့ ၃ ခါတောင်အရွေးခံရတယ်၊ ဂျပန် အိုလံပစ်ကော်မတီကရွေးတာလေ။ ဂျပန်တွေကြားထဲမှာ၊ ဂျပန် ဘော်လီဘော အားကစားလောကမှာ အားပေးတယ်။ ဒီလိုဆုရဖို့အတွက် မလွယ်ပါဘူး။ အသင်းအဖွဲ့နဲ့ကစားရတဲ့အထဲမှာ အောင်မြင်မှုရဖို့ဆိုတာ မလွယ်ပါ။” ဟု နိရဥ္စရာကို ပြောသည်။
မရီမွန်မြတ်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ ရှင်မိုခိတဇာဝါ အလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသူလည်းဖြစ်သည်။
မရီမွန်မြတ်၏ဖခင် ဦးမြတ်သူသည်လည်း ယခင်က မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမားတစ်ဦးဖြစ်ခဲ့သလို ရန်ကုန်တက္ကသိုလ်တွင်လည်း အသင်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်ဟု ဆိုသည်။
“ကိုယ့်ထက်ပိုပြီးတော့ သမိုင်းကောင်းကျန်ခဲ့စေချင်တယ်။ သူများနိုင်ငံမှာ ဂျပန်တွေထက်တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် စံပြတစ်ယောက်ဖြစ်စေချင်တယ်။”ဟု ပြောသည်။
မရီမွန်မြတ်သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဦးမြတ်သူနှင့် ဒေါ်ကြူကြူဝင်းတို့၏သမီးဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့်အတူ ဂျပန်နိုင်ငံ တိုကျိုမြို့၌ နေထိုင်နေကြောင်း သိရသည်။
Photo - Asaj Jpn

ဆက်စပ် သတင်းများ