တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း သို့ စောလျင်စွာပြန်သွားရန် အိန္ဒိယကတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 956

(အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများဖြစ်ပွားနေသည့် အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိ ကြောင်းပြောဆို)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၆/၂၀၂၄

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့်အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများ အပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း သို့ စောလျင်စွာပြန်သွားရန် အိန္ဒိယကတောင်းဆိုကြောင်း Hindustan Times က သတင်းရေးသားဖော်ပြသည်။

အိန္ဒိယပြည်ရေးရာ(နိုင်ငံခြားရေး)၀န်ကြီး S Jaishankar သည် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီး ဦးသန်းဆွေနှင့်ဇွန်လ ၂၆ ရက် က နယူးဒေလီ၌ တွေ့ဆုံစဥ် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ နယ်စပ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွင်း က အကြမ်းဖက်မှုနဲ့ မတည်မငြိမ်မှုတွေရဲ့ အကျိုးသက်ရောက်မှူအပေါ် မှာ အလွန်အမင်း စိုးရိမ်ပူပန်မိဖြစ်ရတယ်လို့ တွေ့ဆုံပွဲမှာကျွန်တော် ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ အခုဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် ဖြေရှင်းရာမှာသက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားပါတယ်” ဟု ၀န်ကြီး Jaishankar က လူမှုကွန်ရက် X တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း သို့ စောလျင်စွာပြန်သွားရန် တောင်းဆိုခဲ့ပြီး အိန္ဒိယသည် မည်သည့်နည်းဖြင့်မဆိုမြန်မာကို ကူညီပေးရန် အသင့်ရှိကြောင်း Jaishankar က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးသည် ရန်လိုမှုများကို ရပ်တန့်ကာ အဖြေတစ်ခုရှာရန် အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသို့ ပြန် သွားသင့်ကြောင်း ၄င်းက မြန်မာနိုင်ငံအပေါ် အိန္ဒိယ၏ ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့သည်။

အရူနာချယ်ပရာဒက်ရှ်၊မဏိပူရ်နှင့် နာဂလန်း စသည့် အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်များနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အစိုးရတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မကြာသေးမီရက်သတ္တပတ်များအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိန္ဒိယ၏စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံရှိ ချင်းလက်နက်ကိုင်အဖွဲ့များက မဏိပူရသို့ လက်နက်များမှောင်ခို မှောင်ခိုတင်ပို့နေသည့် အတွက် တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသည့် လူမျိုးရေးပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ဒုက္ခများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟုဆိုသည်။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီး ဦးသန်း၏ဆွေသည် အိန္ဒိယပြည်ရေးရာ (နိုင်ငံခြားရေး) ၀န်ကြီးS Jaishankar နှင့် နယူးဒေလီ၌ တွေ့ဆုံခဲ့ မှုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး မြန်မာ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီက တရား၀င်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Source/Hindustan Times.

ဆက်စပ် သတင်းများ