- Web Master
- ၁၅ စက်တင်ဘာ ၂၀၂၄
နိရဉ္စရာ၊ ဖေဖော်ဝါရီ
၂၀/ ၂၀၂၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊
တင်းမရွာရှိ စစ်ကောင်စီတပ် ရေကင်းစခန်း အနီး မိုင်းပေါက်ကွဲ၍ တပ်သား ၂ ဦး
သေဆုံးခဲ့သည်ဟု ခိုင်လုံသည့် သတင်းအရင်းအမြစ်မှ သိရသည်။
ပြီးခဲ့သည် ဖေဖော်ဝါရီ
၁၆ရက်နေ့ နံနက် ၉ နာရီခန့်တွင် တင်းမကျေးရွာ ရေကင်းစခန်းခြံစည်းရိုး အနီးတွင် မိုင်းတစ်လုံးပေါက်ကွဲ၍ စစ်သား
၂ ဦးသေဆုံးသွားကြောင်း
မျက်မြင်တစ်ဦးက ပြောသည်။
“ ရေကင်းစခန်းခြံစည်းရိုးအနီးတွင်
မိုင်းတစ်လုံးပေါက်ကွဲတယ်။ စစ်သား ၂ယောက်သေတယ်။ နှစ်ယောက်မှာ တင်းမစခန်းမှာ
တစ်ယောက်သေတယ်။ နယ်မြေခံတပ်မမှာ နောက်တစ်ယောက် တစ်ယောက်သေတယ်။ နေဗီကရောက်နေတယ်ဆိုတော့ နယ်မြေခံတပ်မှာ
သေသွားတဲ့ တစ်
ရေကင်းစခန်းသည်
တင်းမတောင်ရှည်တောင်ခြေအောက်တွ
“ ရေကင်းစခန်းဆိုတာက
တင်းမတောင်ရှည်အောက်က ခြံစည်ရိုးကာထားတာရှိတယ်။ အဲ့ဒီ ခြံစည်းရိုးက ရွာနဲ့
ရေကင်းစခန်းနဲ့ အစပ် အဲ့ဒီနေရာမှာ ပေါက်တာဖြစ်ပါတယ်။ အဲလိုပေါက်တာကို
သူတို့လူတွေမကဘူး အနီးအနားက လူတွေလည်း အားလုံးကြားရပါတယ်။
မိုင်းတစ်လုံးပေါက်တဲ့ အသံကြားလိုက်ပါတယ်။ နေဗီကလည်း
ရောက်နေတယ်။ လူချိန်းတယ် ပုံစံထင်တယ်။ အရင် နေတဲ့သူတွေ
ထောင်ခဲ့မိုင်း ပုံစံမျိုးကျတယ်။ ၂ ယောက်သေတယ်လို့ မျက်မြင်တစ်ယောက်လည်း ဖုန်းဆက်လာ
တင်းမရေကင်းစခန်းသည် တင်းမရွာအစပိုင်းတွင်
တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး၊ တင်းမတောင်ရှည် တောင်မှ တောင်ရှည်တောင်ခြေရင်းအောက်ကို
စခန်းခွဲချထားကာ ကုန်းလမ်းရေလမ်းကို စစ်ဆေးနေသည့်
ရေကင်းစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက စစ်သားများထောင်ထားသည့်မိုင်း
ပေါက်ကွဲ၍ စစ်သားနှစ်ဦးသေဆုံးသွားခဲ့ကြောင်း ပြောဆိုသော်လည်း စစ်ကောင်စီပြည်နယ် နယ်လုံဝန်ကြီးနှင့်
စစ်တပ်ဘက်ကို ဆက်သွယ်၍ မရသဖြင့် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့
မရှိသေးပါ။
တင်းမာကျေးရွာသည် မြန်မာစစ်တပ်
စစ်ကြောင်းတစ်ခုသည် ၂၀၂၀ ခုနှစ် မလ်လအတွင်းက တင်းမသစ်ကျေးရွာထဲကို
ဝင်ရောက်လာပြီး ရွာသား ၈ ဦးကို မျက်နာဖုံးစွပ်ကြိုးတုတ်ကာ
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို မတ်လ
၁၆ ရက်နေ့တွင် တစ်ဖန် တင်းမကြီးကျေးရွာမှ ရွာသား ၁၀ ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုအချိန်ထိ ရွာသား ၂၀ ခန့် ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး
နာမည်ကြီးနေသည့် ကျေးရွာ တစ်ခုဖြစ်သည်။