စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် လက်နက်မဲ့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦး အေအေထံ အလင်းဝင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.6k

နိရဥ္စရာ၊ မတ်လ ၂၀/၂၀၂၃ 

 

မတ်လ ၁၉ ရက် ညနေပိုင်းတွင် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနီးရှိ  အထက်နန်းရာချောင်း၊ စေတီတောင်ဘုရားတွင် တပ်စွဲထားသည့် နယ်ခြားစောင့် တပ်စခန်းမှ လက်နက်မဲ့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားနှစ်ဦးသည် ရက္ခိုင်တပ်တော် (AA)ထံ အလင်းဝင်သွားသည်ဟု သိရသည်။

 

၎င်းစခန်းသည် မေယုကမ်း စေတီပြင်ကျေးရွာ အနောက်ဘက် မေယုတောင်ပေါ်တွင် တည်ရှိပြီး နယ်ခြားစောင့်စခန်းဆိုသော်လည်း စစ်သားအင်အား ၇၀ ခန့် တပ်စွဲ နေထိုင်သည်ဟု ဆိုသည်။

 

ဒေသခံတစ်ဦးက " မနေ့က ထွက်ပြေးတာပါ။ စစ်သား နှစ်ယောက်ပါ။ လက်နက်တွေတော့ မပါဘူးလို့ သိရတယ်။ ရာထူး၊ နာမည်တွေတော့ အတည်ပြုလို့ မရပါဘူး"ဟု ပြောသည်။

 

အဆိုပါ တပ်သားနှစ်ဦးတွင် ကျောပိုးအိတ်များသာ ပါရှိပြီး တစ်ခြား လက်နက် အသုံးအဆောင်များလည်း မပါရှိကြောင်း ကိုယ်တိုင်တွေ့မြင်လိုက်သည့် တခြား ဒေသခံ တစ်ဦးကလည်း ပြောသည်။  

 

ယခုကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရနှင့် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။ 

 

မတ်လ  ရက်နေ့ကလည်း မောင်တောမြို့နယ်တောင်ပိုင်း၊ မြင်းလွှတ်နယ်ခြားစောင့်စခန်း နခခ ၉တပ်ရင်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် () လက်နက်များနှင့်အတူ ထွက်ပြေးသွားခဲ့သေးသည်။ 

 

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မြောက်ဦးမြို့ အခြေစိုက် (၅၄၀တပ်ရင်းမှ စစ်ကောင်စီတပ်သား (ဦးနှင့် မြောက်ဦးအခြေစိုက် (၃၇၈)တပ်ရင်းမှ စစ်ကောင်စီတပ်ကြပ်  ဦးတို့သည်လည်းလက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

 

အလားတူ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်းကလည်း ကျောက်တော်မြို့ရှိ မဟာမုနိဘုရားကုန်းပေါ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသည်။(NN-7)

ဆက်စပ် သတင်းများ