ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

နှစ် (၈ဝ) ပြည့် မြောက်ဆရာတော်ဦးဥတ္တမ အခမ်းအနား ANDP မှဂျပန်နိုင်ငံ၊ တိုကျိုတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

နိရဥ္စရာ၊ စက်တင်ဘာ ၈

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) (ANDP) မှ ကြီးမှူးပြီး (၈ဝ)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ဂျပန်နိုင်ငံ တိုကျိုမြို့၊ တကာနာဒိုဘာဘာ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

အခမ်းအနားကို စက်တင်ဘာ ၈ရက် နေ့လယ် ၂နာရီမှ ညနေ ၇ နာရီထိ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်အား လွမ်းသူပန်းခွေများဖြင့် ဂါရဝပြု ချီးမြင့်ကြပြီး ရခိုင် စည်တော်ဖြင့် အခမ်းအနားကို ဖွင့်လှစ်ကာ ရခိုင်လှပျိုဖြူ မဖြူဖြူသန်းမှ ရခိုင်စည်တော်ဆရာ ကိုဝင်းမြင့်နှင့်တွဲဘက်ပြီး “ ဇာကျေးဇူးဒိန်ဆပ်ဖူးလေ”  သီချင်းဖြင့် ပူဇော်ချီးမြှင့်ခဲ့သည်။

အခမ်းအနားကို ဂျပန်ရောက်ရခိုင်လူမျိုးများ၊  ASAJရခိုင်လူမူရေး အသင်းခေါင်းဆောင်များ၊မဟာမိတ်မြန်မာ့တိုင်းရင်းသား ခေါင်းဆောင်များ၊ မဟာမိတ်တိုင်းရင်းသားညီနောင်များနှင့် ဂျပန်လူမျိုးများအပါအဝင် လူပေါင်း ၁ဝဝ ကျော် တက်ရောက် ခဲ့ကြသည်။

အခမ်းအနားမူးအဖြစ် အတွင်းရေးမှူး ကိုသက်ထွန်းအောင်နှင့် မမီးမီးဋ္ဌေးတို့မှဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဂျပန်လူမျိုးများမှ လွမ်းသူ့ပန်းခွေများဖြင့် ဆရာတော်အား ဂါရဝ ပြုခဲ့ကြသည်။

သဘာပတိအဖြစ် ANDP နာယက များဖြစ်ကြသည့် ဦးဇော်မင်းခိုင် ၊ဦးလှအေးမောင်၊ဦးခင်မောင်ထွန်းတို့မှဆောင်ရွက်ခဲ့သည်။

ANDP နာယက ဦးလှအေးမောင်၊ ANDP ဥက္ကဋ္ဌ ဦးဘုန်းမြင့်၊ ASAJဥက္ကဋ္ဌ ဦးခင်မောင်ထွန်း တို့က ဆရာတော် ဦးဥတ္တမ၏ ဖြတ်သန်းမူနှင့်အတုယူဖွယ် အကြောင်းတို့ကိုပြောကြားခဲ့ကြပြီး၊ တက်ရောက် လာကြသည့် မဟာမိတ် တိုင်းရင်းသား ခေါင်းဆောင်များမှလည်း ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူး များကို အကျယ်တဝင့် ဟောပြောခဲ့ကြသည်။

အခမ်းအနား၏ ဟောပြောချက်များကို ဂျပန်လူမျိုးများ သိရှိနိုင်စေရန် ဂျပန်လူမျိုး Hisao TANABE မှ မြန်မာဘာသာမှ ဂျပန်ဘာသာသို့ ပြန်ပေးခဲ့သည်။

အခန်းအနားသို့တက်ရောက်ခဲကြသောအဖွဲ့အစည်းများမှာ အခန်းနားသို့ ဂျပန်လူမျိုးကိုယ်စား-APFS-yamagushi san, Taku San , AUN ဥက္ကဋ္ဌ မှ ဦးမိုင်ကျော်ဦး၊ မြန်မာ တိုင်းရင်းသား များ ကိုယ်စား ဒေါ်ချိုချိုလွှင်၊ KNO ကချင်အဖွဲ့ ကိုယ်စား အတွင်းရေးမှူး ဦးဒွဲဂျာ၊ ပအို့တိုင်းရင်းသား ကိုယ်စား ဦးခွန်းသန်းမောင်၊ ချင်းတိုင်းရင်းသားကိုယ်စား ဒေါ်နိန်ဇာလွင်နှင့် ကရင်တိုင်းရင်းသားကိုယ်စား OKOJ -စိုးလွင်တင် မြန်မာ  နိုင်ငံသားများ အသင်းအဖွဲ့အစည်းမှ ဦးထွန်းငြိမ်း တို့တက်ရောက်ဟောပြောခဲ့ကြသည်။

“ ယခုလို ဆရာတော် ဦးဥတ္တမနေ့ကို ရေမြေခြား ဂျပန်နိုင်ငံမှာ ကျင်းပခြင်းဟာ သမိုင်းပေးတာဝန် တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာခြင်း ဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြသခြင်းလည်းဖြစ်ပါတယ်။ တိုင်းပြည် အတွက် အနစ်နာခံ ပေးဆပ်သွားခဲ့ကြတဲ့ ရခိုင်အာဇာနည်တွေကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာမယ့် ရခိုင် မျိုးဆက်သစ် လူငယ်တွေ မျိုးချစ်စိတ်တွေ နိုးထလာပြီး ရခိုင်အရေး ဆောင်ရွက် ကြတဲ့ နေရာမှာ ကိုယ်နိုင်တဲ့ နေရာက တတတ်တအား ပါဝင် လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ANDP ဥက္ကဋ္ဌ ကို ဘုန်းမြင့်က ပြောသည်။

တက်ရောက်လာသူများအား ANDP နာယက ဦးမြတ်သူမှ ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

ဆက်စပ် သတင်းများ