စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမြင့်ဆုံး တစ်နေ့တည်းသေဆုံးသူ ၄ဝ ဦးထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 3.9k

နိရဥ္စရာ၊ မေ ၃၁/၂ဝ၂ဝ(နိုင်ငံတကာ)

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယမန်နေ့ တစ်နေ့တည်းအတွင်း အမြင့်ဆုံး သေဆုံးသူအရေအတွက် ၄ဝ ဦးထိ ရှိလာခဲ့သည်ဟု သတင်းရရှိသည်။

၎င်းသတင်းကို The Independent အွင်လိုင်းတွင်  Coronavirus: Highest 40 deaths, 2545 new cases in a single day ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဖြင့် သေဆုံးခဲ့သည့် အရေအတွက်အဖြစ် ဖော်ပြသည်။ ၎င်းအရေအတွက်သည် ယခင်နေ့စဉ်သေဆုံးမှုထက် ၂ ဆမြင့်တက်လာခြင်းဖြစ်သည်ဟု ဒေးလီစတား သတင်းစာကဆိုသည်။

၎င်းပြင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၂၅၄၅ ဦး ရောဂါပိုးထပ်မံ တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံးတွင် ယနေ့ တနင်္ဂနွေ နံနက်ထိ သေဆုံးသူ ၆၅ဝ ရှိသွားခဲ့ပြီး ရောဂါ ကူးစက်ခံရသူ စုစုပေါင်းမှာ ၄၇၁၅၃ ရှိကြောင်း ဘင်္ဂလာဒေ့ရှ် ကျန်းမာရေးန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလာဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာ ထုတ်ပြန်ချက်အရ သေဆုံးသူများမှာ မေလ ၃၁ ရက်နေ့တွင် ၄ဝ ဦး၊ မေလ ၃ဝ ရက်နေ့တွင်  ၂၈ ဦး၊ ၂၉ ရက်တွင် ၂၃ ဦး၊ မေလ ၂၈ ရက်နေ့တွင် ၁၅ ဦး၊ မေလ ၂၇ ရက်နေ့တွင် ၂၂ ဦးနှင့် မေလ ၂၆ ရက်နေ့က ၂၁ ဦး သေဆုံးခဲ့သည်။

ဘင်္ဂလာဒေ့ရှ် အစိုးရမှ အထွေထွေရုံးပိတ်ရက်ကို မေလ ၃ဝ ရက်နေ့ထိ သတ်မှတ်ထားသော်လည်း နောက်ထပ် ရက်မတိုးမြှင့်တော့ကြောင်း သိရသည်။ ဤအတောအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကိုလည်း တနင်္ဂနွေနေ့တွင်ပြန်လည်စတင်ခဲ့ပြီး အစိုးရနှင့်ပုဂ္ဂလိကရုံးများကို ပြန်လည်ဖွင့်ပေးခဲ့သည်ဟုဆိုသည်။ 


ဆက်စပ် သတင်းများ