သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ် ကော့စ်ဘဇားခရိုင်ကို နိုင်ငံ၏ပထမဆုံး ကိုဗစ်အနီရောင်ဇုန်အဖြစ်ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 4.3k

နိရဥ္စရာ၊ ဇွန် ၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိသော ကော့စ်ဘဇားခရိုင်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် အနီရောင်ဇုန် ( Red Zone) အဖြစ် သတ်မှတ် ကြေညာလိုက်သည်။

၎င်းသတ်မှတ်ကြေညာခြင်းသည် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်တစ်ခုတည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂ဝ သေဆုံးပြီး လူပေါင်း ၈၉ဝ တွင် ကူးစက်ခံရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ သတ်မှတ်ကြေညာရာတွင် မြို့ပေါ် ရပ်ကွက် ၁ဝ ခုနှင့် ခရိုင်အတွင်းရှိ နေရာအများအပြားကို ၁၄ ရက်ကြာ လော့ဒေါင်းချလိုက်ကြောင်း ကြေညာသည်။ 

၎င်းကြေညာချက်ကို ကော့စ်ဘဇား လက်ထောက်ကော်မရှင်နာ  Md Kamal Hossain က ကြာသပတေး နေ့လယ်က ထုတ်ပြန်ပြီး သောကြာနေ့ နံနက်မှ စတင်ပြီး ၎င်းအမိန့်သက်ဝင်သည်ဟု ဆိုသည်။ 

၎င်းက သတ်မှတ်ထားသော အနီရောင်ဇုန်အတွင်း မည်သူတစ်ယောက်မှ ဝင်ထွက်သွားလာခွင့် မရှိစေရဟု ဆိုသည်။ ၎င်းနယ်မြေများကို လုံးဝ ပိတ်လိုက်ပြီ ဖြစ်ကြောင်း၊ အစားအစာနှင့်ဆေးဝါးများကို အာဏာပိုင်များမှ ဝင်ငွေနိမ့်ပါးသူများအား ဖြန့်ဝေပေးသွားပေးမည်ဖြစ်ကြောင်း ၎င်းကော်မရှင်နာက  ဆိုသည်။ 

၎င်းသတ်မှတ်ကြေညာလိုက်သဖြင့် ကော့စ်ဘဇားမြို့ပေါ်တွင် တစ်ရပ်ကွက်မှ အစိမ်းရောင်ဇုန် “ Green Zone” မရှိတော့ဟုဆိုသည်။

ကော့စ်ဘဇားခရိုင်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မူဆလင်ဒုက္ခသည် စခန်း ၃၄ ခုရှိပြီး လူပေါင်း ၃ဝ ကူးစက်ခံထားရကာ တစ်ဦးသေဆုံးသွားခဲ့ပြီဟု သတင်းတွင် ဖော်ပြသည်။ 

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ယမန်နေ့ ညနေပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၁၁ ဦး၊ ရောဂါကူးစက်ခံထားရသူ ၆ဝ၃၉၁ ဦး၊ ပြန်ကောင်းလာသူ ၁၂၈ဝ၄ ဦးရှိကြောင်း သိရသည်။ 

Source: Coronavirus: Cox’s Bazar declared as country’s first ‘red zone/ Ukhiyanews’


ဆက်စပ် သတင်းများ