သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာကြောင့် တစ်နေ့လူပေါင်း ၃ဝ နှင့်၄၅ ဦးအကြားသေဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7.6k

နိရဥ္စရာ၊ ဇွန် ၈/၂ဝ၂ဝ

မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေ့ရ်ှနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း ကမ္ဘာကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့ကို လူပေါင်း ၃ဝ ကနေ ၄၅ ဦးအကြား သေဆုံးနေတယ်လို့ သတင်းရရှိပါတယ်။

မနေ့က တနင်္ဂနွေနေ့ တစ်နေ့တည်းအတွင်း သေဆုံးသူဟာ ၄၂ ဦးထိ ရှိခဲ့တာမို့ သေဆုံးသူ အရေအတွက်က တစ်နေ့ထက် တစ်နေ့ တစ်ဖြည်းဖြည်းနဲ့ မြင့်တက်လာတဲ့ အနေအထားဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၇ရက်နေ့မှာ ၄၂ ဦး၊ ဇွန်လ ၆ ရက်မှ ၃၅ ဦး၊ ဇွန်လ ၅ ရက်မှာ ၃ဝ ဦး၊ ဇွန်လ ၄ ရက်မှာ ၃၅ ဦး၊ ဇွန်လ ၃ ရက်နဲ့ ၂ ရက်နေ့မှာ ၃၇ ဦးစီ၊ ဇွန်လ ၁ ရက်နေ့မှာ ၂၂ ဦးနဲ့ မေလ ၃၁ ရက်နေ့မှာ ၄ဝ ဦးထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဇွန်လ ၇ ရက်နေ့ထိ ကိုရိုနာရောဂါနဲ့ သေဆုံးသူက ၈၈၈ ဦးရှိပြီး ရောဂါ ကူးစက်ခံနေရသူ စုစုပေါင်းက ၆၅၇၆၉ ဦးထိ ရှိသွားပြီလို့ သိရပါတယ်။ 

မနေ့က တစ်နေ့တည်းအတွင်းမှာ လူပေါင်း ၁၃၁၃၆ ရဲ့ နမူနာကို စစ်ဆေးတဲ့ အခါ Positive ရောဂါပိုးတွေ့ရှိသူ ၂၇၄၃ ဦးရှိတယ်လို့ ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။  

အခုအချိန်ထိ လူပေါင်း ၃၉၇၉၈၇ ဦးရဲ့ နမူနာကို စစ်ဆေးခဲ့ပြီး ပြန်ကောင်းလာသူက ၁၃၉ဝ၃ ဦးရှိတယ်လို့ သိရပါတယ်။

မြန်မာနဲ့ ကပ်ရပ်တည်ရှိတဲ့ ကော့စ်ဘဇားခရိုင်မှာတော့ သေဆုံးသူ ၂ဝ ဦးရှိပြီး ၈၉ဝ ဦးကူးစက်ခံနေရတဲ့ အတွက် ဒီလ ၅ ရက်နေ့က ကိုဗစ် အနီရောင်ဇုန်အဖြစ် သတ်မှတ်ခဲ့သလို တစ်ခြား ခရိုင် သုံးခုနဲ့ အတူ အသွားအလာ အဝင်အထွက်တွေကို (၁၅) ရက်ပိတ်ထားခြင်း ခံထားရပါတယ်။ 


ဆက်စပ် သတင်းများ