ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတွင်ပြုလုပ်သည့် လူကုန်ကူးမူတိုက်ဖျက်ရေးနေ့အထိမ်းမှတ်ပြိုင်ပွဲ ကျောင်းသား ၁၃ဝကျော်ဝင်ရောက်ယှဉ်ပြိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 488

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၃/၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ကျင်းပပြုလုပ်နေသည့် သတ္တမ အကြိမ်မြောက် လူကုန်ကူမူ တိုက်ဖျက်ရေးနေ့ အထိမ်းမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၃ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်နေကြောင်း သတင်း ရရှိသည်။

ပြိုင်ပွဲကို ယနေ့ နံနက် ၈နာရီမှ စတင်ပြီး စစ်တွေတက္ကသိုလ်၊ စစ်တွေ ကွန်ပျူတာ တက္ကသိုလ် ၊စစ်တွေ နည်းပညာ တက္ကသိုလ်၊ စစ်တွေ သူနာပြု ကျောင်း တို့နှင့် အထက်တန်း၊ အလယ်တန်း ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၄ ဦး လာရောက် ယှဉ်ပြိုင် ကြကြောင်း သိရသည်။

“လူကုန်ကူးမူ မဖြစ်ပွားအောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။ ဒီကလေး လေးတွေက နိုင်ငံရဲ့ အရင်းအမြစ်ပါ။သူတို့လူကုန်ကူးမူ အသိပညာ ရသွားအောင် ရည်ရွယ်ပြီးလုပ်တာပါ”ဟုလူကုန်ကူးမူ တိုက်ဖျက်ရေး တပ်ဖွဲ့စုမှူး ရဲမှူးဝင်းကိုကိုက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
အဆိုပါ ပြိုင်ပွဲအား ရခိုင်ပြည်နယ်ရှိ မြို့နယ် ပေါင်းစုံတွင် ပြုလုပ်သွားကြမည်ဟုလည်း သိရသည်။

စစ်တွေမြို့မူလွန်ပြည်တော်သာကျောင်းမှ ဆရာမ ဒေါ်ကျော့စန္ဒာက “ကလေးတွေကို လူကုန်ကူးမူနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေကို ဆရာမတို့ ကျောင်းမှာလည်း လုပ်ဖြစ်ပါတယ်။ ဒီလို ပြိုင်ပွဲတွေ လုပ်ပေးခြင်းအားဖြင့် ကျောင်းသားတွေအနေနဲ့ သူတို့ ရှောင်ရန်၊ ဆောင်ရန်တွေကို သိလာမယ်လို့ ထင်ပါတယ်” ဟုပြောသည်။

ဆုရသူများအား စက်တင်ဘာ ၁၃ ရက်နေ့ တွင် ပြုလုပ်မည့် ကမ္ဘာ့ လူကုန်ကူးမူ တိုက်ဖျက်ရေး နေ့အထိမ်းမှတ် အခမ်းနားတွင် ဆုချီးမြှင့် သွားမည်ဟု သိရသည်။

ဆက်စပ် သတင်းများ