သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်အင်တာနက်ဖြတ်တောက်မှုရပ်ဆိုင်းရန်နှင့် မီဒီယာများလွတ်လပ်စွာသတင်းယူခွင့်ပေးရန် ကျောင်းသားအဖွဲ့ ၃ခု တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9k

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်း ဖြတ်တောက်ထားမှုကို ရပ်ဆိုင်းရန်နှင့် မီဒီယာများကို လွတ်လပ်စွာသတင်းယူခွင့်ပေးရန် ကျောင်းသားအဖွဲ့ (၃) ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကြေညာထုတ် တောင်းဆိုလိုက်သညါ။

၎င်းကျောင်းသား ၃ ဖွဲ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ- ရန်ကုန်) တို့ဖြစ်ကြသည်။

ထုတ်ပြန်ကြေညာချက်ထဲတွင် ပြည်တွင်းစစ်နှင့် ပတ်သက်၍ စစ်ပွဲထက် နိုင်ငံရေး အရ အဖြေ ရှာရန် ပိုမိုလိုလားကြောင်း၊ NCA ကဲ့သို့ အယောင်ပြမဟုတ်ဘဲ စစ်မှန်သော နည်းလမ်းအရသာ ချဉ်းကပ်ရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ပြန်ကြားရေတာဝန်ခံ ကို ကျော်နိုင်ဋ္ဌေးက “ရခိုင်ပြည်မှာ လက်တလောဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ကျောင်းသားသမဂ္ဂတွေ ပေါင်းပြီး ထုတ်ပြန် တာဖြစ်တယ်။ ဘူးသီးတောင်မြို့နယ်မှာ လက်နက်ကြီးကျည်ကျလို့ ကျောင်းသား  ကျောင်းသူ ၂၁ ဦး ဒဏ်ရာရသွားတာရှိတယ်။ အင်တာနက်လိုင်း ဖြတ်တောက်လိုက်တဲ့ အတွက်လည်း  အဖက်ဖက်က နစ်တာသွားတာတွေ့ရတယ်။ မီဒီယာတွေကို လွတ်လပ်ခွင့် မပေးတာတွေ တွေ့ရတယ်။ ဒါကြောင့် ထုတ်ပြန်ရတာဖြစ်တယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

လက်ရှိ အချိန်တွင် ပြည်တွင်းစစ်၏ ရလဒ်များအနေဖြင့် အရပ်သားပြည်သူများသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခံရခြင်း၊ စီးပွားရေး လုပ်ငန်းများထိခိုက်ခြင်း၊ ရှေးဟောင်းအမွေအနှစ်များထိခိုက်ပျက်စီးခြင်း၊ သာသနိက အဆောက်အဦးများ၊ စာသင် ကျောင်းများအား စစ်တလင်းအဖြစ် အသုံးချခြင်းတို့အပြင် အဆိုပါ လုပ်ရပ်များ လုပ်ဆောင်ရန် အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချခြင်း၊ ပိုမိုဆိုးရွားသည်မှာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျည်ကျ၍ ကျောင်းသား ကျောင်းသူများ ထိခိုက်ဒဏ်ရာ ရခြင်းစသည့် မဖြစ်သင့်သည့် ကိစ္စရပ်များ ဖြစ်ပွားလျှက်ရှိကြောင်း ကြေညာချက်ထဲတွင် ရေးသားထားသည်။

ထုတ်ပြန်ချက်ထဲတွင် အချက် ၃ချက်ကိုလည်း တောင်းဆိုထားသည်။

၎င်းတို့မှာ “ရခိုင်ပြည်နှင့် ပလက်ဝဒေသတို့တွင် အင်တာနတ် ဖြတ်တောက် ထားမှုများကို ချက်ချင်းရပ်ဆိုင်းရန်၊

“၁၃/၂/၂ဝ၂ဝ ရက်နေ့တွင် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာ၊ မူလွန်ကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက်၍ ကျောင်းသား၊ ကျောင်းသူ (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိသည့် လုပ်ရပ်အပေါ် သက်ဆိုင်ရာကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖြေရှင်းရန်နှင့်

“အလားတူ အငြင်းပွားစရာဖြစ်ရပ်များတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်တွင်း၊ ပြည်ပ မီဒီယာများအား အချိန်မရွေး၊ နေရာမရွေး၊ လွတ်လပ်စွာ သတင်းယူနိုင်ခွင့်ပြုရန်နှင့် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်များဖြင့်ဖွဲ့စည်း စစ်ဆေးရန် ကျွနု်ပ်တို့ ညီနောင်သမဂ္ဂများမှ လေးနက်စွာတောင်းဆိုလိုက်သည်” ဟု ပါရှိသည်။

--------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၇/၂ဝ၂ဝ










ဆက်စပ် သတင်းများ