ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တွေမြို့ရှိ မူဆလင်ကျောင်းသားများမှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၂၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ မူဆလင်ကျောင်းသားများမှ ရခိုင်စစ်ဘေးရှောင်များအတွက် ယနေ့ နေ့လယ်က စစ်တွေ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် အလှူငွေ သုံးသိန်းလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

၄င်းမူဆလင်ကျောင်းသားများမှာ  ရခိုင်စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထား၍ ယခုကဲသို့ လာရောက်လှူဒါန်းခြင်း ဖြစ်သဖြင့် စစ်တွေတက္ကသိုလ်ကျောင်းသား သမဂ္ဂအနေဖြင့်၄င်းတို့အလှူငွေအား ကောင်းမွန်သည့် လုပ်ရပ်အဖြစ် အသိအမှတ်ပြုလက်ခံခဲ့ခြင်းဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်သူ ကိုတိုးတိုးအောင်ကပြောသည်။

“ဒီဟာက လူသားချင်းစာနာထောက်ထားမှုအပေါ်မှာ မူတည်ပြီးလာလှူတာမို့ပါ။ ပြီးတော့ ကျောင်းသားတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့သူတို့အလှူကို လက်ခံခဲ့တာပါ။ကျွန်တော်တို့ကျောင်းသားတွေမှာ ဘာသာရေးကို အခြေမခံရ၊ လူမျိုးရေးကို အခြေမခံရ၊ ကျောင်းသားဆိုတဲ့အပေါ်မှာပဲကြည့်ရမယ်ဆိုပြီး သူတို့လှူလာတဲ့ အပေါ်မှာ အလှူကို ဟိုကမယူ ဒီကမယူလို့မဟုတ်ပဲ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပါ” ဟု ကိုတိုးတိုးအောင်က ပြောသည်။

မူဆလင်ကျောင်းသားများကိုယ်စား ဦးဆောင်၍ လာရောက်လှူဒါန်းခဲ့သူ မောင်ဇင်မင်းထွန်း(သမိုင်း၊ဒုတိယနှစ်၊ အဝေးသင်)ကလည်း ၄င်းတို့မှာ လူသားချင်းစာနာထောက်ထား၍ စစ်တွေမြို့ရှိ၄င်းတို့ မူဆလင် ကျောင်းသား များအား စည်းရုံး၍ အလှူငွေကောက်ခံခဲ့ကာ လှူဒါန်းခြင်းဖြစ်ကြောင်း ပြောသည်။

“ရခိုင်ပြည်မှာနေတဲ့လူတွေကို ကျွန်တော်တို့ ညီအစ်ကိုလိုပဲ သဘောထားပါတယ်။ အဲဒါကြောင့် ကိုယ့်ညီနောင် ရခိုင် စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ လူသားချင်းစာနာတဲ့အတွက် လှူခဲ့တာပါ။” ဟု မောင်ဇင်မင်းထွန်းကပြောသည်။

၄င်းကျောင်းသားများမှာ စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသားများဖြစ်ပြီး စုပေါင်းလှူဒါန်းခဲ့ခြင်းအပေါ် စစ်တွေတက္ကသိုလ်ကျောင်းသားများမှ လက်ခံသဖြင့် ဝမ်းသာမိကြောင်း သူကဆက်ပြောသည်။

၄င်းမူဆလင်ကျောင်းသားမှာမှာ ၂ဝ၁၂ ခုနစ် ပဋိပက္ခကြောင့် ကျောင်းကို အဝေးသင်ပြောင်းတက်ခဲ့ရသူများ ဖြစ်ကြောင်း မောင်ဇော်မင်းထွန်းက ဆက်ပြောသည်။


ဆက်စပ် သတင်းများ