စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဆန္ဒပြ၍ဖမ်းဆီးခံထားရသူ ကျောင်းသား၃ ဦးကို လွတ်ပေးရန် စစ်တွေတွင်ထပ်မံဆန္ဒပြတောင်းဆိုမှု ပေါ်ပေါက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 435

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၁ဝ/၂ဝ၂ဝ

စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရရုံးရှေ့ ဆန္ဒပြ၍ ဖမ်းဆီးခံခဲ့ရသူ ကျောင်းသား ၃ ဦးအား ပြန်လွှတ်ပေးရန် ယနေ့နေ့လယ်က စစ်တွေမြို့ အမှတ် (၁) ရဲစခန်းရှေ့တွင် တောင်းဆို ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သည်။

ဖမ်းဆီးခံထားရသူ ကျောင်းသား ခေါင်းဆောင် ၃ ဦးအား ယနေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် အာမခံနှင့် ပြန်လွှတ်ပေးမည်ဟု သက်ဆိုင်ရာမှ ပြောကြားထားပြီး ပြန်မလွှတ်လာသဖြင့် ကျောင်းသား ၅ ဦးက ရဲစခန်းရှေ့တွင် မတ်တပ်ရပ်ပြီး တောင်းဆို ဆန္ဒပြခြင်းဟု ကျောင်းသားများက ပြောသည်။

စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်ကလည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့သည် ပိုစတာ၊ သူတို့ ကျောင်းသားအဖွဲ့၏ အလံကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် အစိုးရအား ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့်အတွက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။


ဆက်စပ် သတင်းများ