သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပခုက္ကူတက္ကသိုလ်ရှိ ဗကသဗဟိုဌာနချုပ် ဝင်စီးနင်းခံရပြီး ကျောင်းသား ၇ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.3k

နိရဥ္စရာ၊ စက်တင်ဘာ၂၈/၂ဝ၂ဝ

မနေ့က  မွန်းလွဲ ၃ နာရီကျော်မှာ ရဲတပ်ဖွဲ့က ပခုက္ကူတက္ကသိုလ်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂ အဖွဲ့ချုပ် (ဗကသ) ဗဟိုဌာနချုပ်ကို ဝင်စီးနင်းပြီး ကျောင်းသား ၇ ဦးဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့  ကိုညီညီမင်းထက်ဝေ၊ ကိုအောင်ခိုင်မင်း၊ ကိုဟိန်းထက်အောင်၊ ကိုရှိုင်းဝဏ္ဏအောင်၊ ကိုလှထွန်းအောင်၊ ကိုသုတညီညီနဲက ကိုသက်မောင်မောင်တို့ ဖြစ်ကြပြီး သူတို့ဟာ ဗကသ အဖွဲ့ချုပ်က တာဝန်ရှိသူတွေ ဖြစ်ကြပါတယ်။

အဲဒီအထဲက ၆ ဦးကိုတော့ပခုက္ကူတက္ကသိုလ်ထဲက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ကျန်တစ်ဦးဖြစ်တဲ့ ကိုသက်မောင်မောင် ကိုတော့ မြို့ထဲ မုန့်စားနေစဉ် ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁ဝ ရက်နေ့က  မန္တလေးမှာ ပေါ်ပေါက်ခဲတဲ့ စစ်တပ်ဆန့်ကျင်ရေးနှင့် ရခိုင်စစ်ပွဲ အဆုံးသတ်ရေး ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး သူတို့ကို ဖမ်းဆီးတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို ဖမ်းဆီးပြီး ကား ၄ စီးဖြင့် မန္တလေးသို့ ခေါ်ဆောင်သွားသည်ဟု သိရှိရတယ်လို့ ဗကသ ဒုဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက မီဒီယာတွေကို ပြောဆိုပါတယ်။  ဖမ်းသွားတဲ့ ၇ ဦးကို  ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အရေးယူမယ်လို့ သိရသလို နောက်ပြီး ပုဒ်မ ၅ဝ၅ (က) (ခ) လည်းပါတယ်လို့ ကြားသိရတယ်လို့ သူကပြောဆိုပါတယ်။  

နောက်ထပ် ကျောင်းသား ၃ဝ ကျော်လောက် တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

( Source: Yangon Khit Thit Media)

ဆက်စပ် သတင်းများ