သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ ANP ကနေ ကိုယ်စားပြုပြီး စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးအောင်သာနို့နဲ့ တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.6k

အိမ်စိုးဖြူမေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ နိုဝင်ဘာ ၄ / ၂ဝ၂ဝ
 
မေး - ဘယ်ပါတီကနေ ကိုယ်စားပြုပြီး ဘယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါသလဲ။
ဖြေ - ကျွန်တော်ကတော့ ရခိုင်အမျိုးသားပါတီကနေ  စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သာနို့ ဖြစ်ပါတယ်။
 
မေး - အစ်ကို့အနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းအရင်း လေးကို ပြောပြပေးပါ။
ဖြေ - ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းကတော့ အခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ ရခိုင့် နိုင်ငံရေးကြောင့်လို့လည်း ပြောလို့ရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အရေးလို့ပြောရင်လည်း ရပါတယ်။ အဘက်ဘက်က နိမ့်ကျနေတဲ့ ကဏ္ဍတွေကို ပြန်လည် မြှင့်တင်ပေးစေချင်တဲ့ ဆန္ဒနဲ့ ဒီရွေးကောက်ပွဲ ကို ဝင်ရောက်ခြင်းဖြစ်ပါတယ်။
 
မေး - တကယ်လို့ အစ်ကို့အနေနဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘယ်အရာတွေကို လုပ်ဆောင်သွားမှာပါလဲ။
ဖြေ - ကျွန်တော့ရဲ့ လက်ကမ်းစာစောင်မှာ ရေးထားတဲ့ အတိုင်းပေါ့လေ။ အဓိကပြည်သူတွေကို ဂတိပေးထားတာ သုံးခုလောက်ရှိပါတယ်။ နောက်တစ်ခု Development ဆိုတဲ့ ကိစ္စတစ်ခု ထပ်တိုးထားပါတယ်။ ပထမကတော့ အစိုးရရဲ့ သွားနေတဲ့ အုပ်ချုပ်မှု ယန္တရားတွေကို လွှတ်တော် ကဏ္ဍကနေ ပြုပြင်ထိန်းကျောင်းသွားဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက အကျင့်ပျက်ခြစားမှုတွေကို ပပျောက်အောင် တတ်နိုင်သမျှ  အကောင်းဆုံးလုပ်သွားမယ်။ ရွေးကောက်ပွဲနိုင်ခဲ့ရင် လွှတ်တော် အတွင်းက လုပ်မယ့် အရာတွေက Development ကဏ္ဍ၊ ရခိုင်ပြည်မှာ အဘက်ဘက်က နှိမ့်ကျနေတဲ့ အရာတွေဖြစ်တဲ့ ပညာရေးသော်၄င်း၊ စီးပွားရေးသော်၄င်း၊ လယ်ယာကဏ္ဍတွေသော်၄င်း၊ ကုန်းလမ်း၊ ရေလမ်း ၊ သယ်ယူပို့ဆောင်ရေးတွေကိုသော်၄င်း၊ အဲဒါတွေကို အဓိကထား ပြီး အကောင်းဆုံး လုပ်သွားမယ့် ရည်ရွယ်ချက်ရှိပါတယ်။
 
မေး - ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်းမှာ အစ်ကို့အနေနဲ့ စိန်ခေါ်မှု တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရတာတွေ ရှိပါသလား။
ဖြေ - ရှိပါတယ်။ ပထမတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်လို့ရပြီိ ဆိုပြီး ဖွင့်ပေးလိုက်ပေမယ့် ကိုဗစ် ၁၉ နဲ့ ကျန်းမာရေးပြသနာတွေကြောင့် ကျွန်တော်တို့ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်မရရှိဘဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ နေ့စဉ်ထုတ်ပြန်နေတဲ့ သူတို့ရဲ့ စည်းမျည်းစည်းကမ်းတွေကို လိုက်နာနေရတဲ့အတွက် မဲဆွယ်စည်းရုံးမှုကို အင်နဲ့အားနဲ့ မလုပ်ခဲ့ရပါဘူး။ အခုမှ ကျွန်တော်တို့ ၁ဝ လပိုင်း၊ ၁၅ ရက်နေ့လောက်မှ ရွေးကောက်ပွဲ ကော်မရှင်ကို တရားဝင်စာတင်ပြီးတော့ မဲဆွယ်စည်းရုံးရေး လုပ်ခဲ့တယ်။ ရှေ့မှာ လုပ်ခဲ့တာတွေက အားမရခဲ့ဘူး။ ရွေးကောက်ပွဲကာလမှာ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ပြည်သူလူထုနဲ့ ထိတွေ့မှုတွေ အများကြီး မလုပ်နိုင်ဘူးလို့တောင် ပြောလို့ရပါတယ်။ အခုနက ပြောသလိုမျိုး လုပ်ရတာတွေက စိန်ခေါ်မှုတွေက အများကြီးပါပဲ။ အစိုးရရဲ့ ထုတ်ပြန်ထားတွေ၊ ကျန်းမာရေး ဌာနတွေက ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ စည်းကမ်းတွေကိုလည်း ကျွန်တော်တို့က လေးစား လိုက်နာတဲ့အနေနဲ့ လူစုလူဝေး မဖြစ်အောင် အဓိက ရှောင်ရှားပြီးတော့ လုပ်နေရတဲ့ ကဏ္ဍာတွေဟာ ရွေးကောက်ပွဲမှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်မရှိခဲ့ဘူးလို့ ပြောလို့ရပါတယ်။
 
မေး - အစ်ကို့ရဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘာပြောချင်ပါသလဲ။
ဖြေ - ကျွန်တော်ရဲ့ မဲဆန္ဒနယ်သာမက ရွေးကောက်ပွဲ အဖျက်ခံလိုက်ရတဲ့ မြောက်ပိုင်း (၉) မြို့နယ် နဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေကိုလည်း သတင်းစကားပါးချင်ပါတယ်။ ကျွန်တော်သည် စစ်တွေမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ကျွန်တော်ရဲ့ မဲဆန္ဒနယ် သာမက အခြား ရွေးကောက်ပွဲပျက်ပြယ်သွားတဲ့ နေရာတွေကိုလည်း ကျွန်တော်က နေပြီး တတ်နိုင်တဲ့ ဘက်က အဲဒီမှာ ရှိတဲ့ အမတ်တွေနဲ့ တိုင်ပင်ပြီးတော့ သူတို့တွေရဲ့ လိုအပ်ချက်တွေကို  ကျွန်တော် စစ်တွေမြို့ကနေပြီး ဖြည့်ဆည်းပြီးတော့ လုပ်သွားဖို့ ဆန္ဒရှိပါတယ်လို့ ပြည်သူတွေကို ပြောချင်ပါတယ်။
 
မေး - နောက်ထပ် ဘာများ ဖြည့်စွပ်ပြောချင်တာ ရှိပါလဲ။
ဖြေ - ကျွန်တော် ဦးအောင်သာနို့ကို  မဲပေးခြင်းအားဖြင့် ကျွန်တော်သည် အခုလာမယ့် ရွေးကောက်ပွဲမှာ နိုင်ရခြင်းအားဖြင့် ပြည်သူလူထုတွေကို စိတ်မညစ်စေရပါဘူး။ ကျွန်တော့ရဲ့ လုပ်နိုင်၊ ကိုင်နိုင်စွမ်းနဲ့အညီ ပြည်သူ့ရဲ့ အကျိုးကို ပြုသွားမယ့်လို့ ပြောချင်ပါတယ်။

(ပြီး)

ဆက်စပ် သတင်းများ