သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ် လွှတ်တော်သုံးရပ်စလုံးတွင် ANP အနိုင်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မာန်အောင်မြို့နယ်တွင်လည်း ရခိုင်အမျိုးသားပါတီ (ANP)က လွှတ်တော် (၃) ရပ်၊ လွှတ်တော် နေရ (၄) ခုစလုံးတွင် အနိုင်ရရှိခဲ့ကြောင်း မာန်အောင်မြို့နယ် ANP ဥက္ကဋ္ဌ ဦးစံလင်းအောင်က နိရဥ္စရာသတင်းဌာနကို  အတည်ပြုပြောကြားသည်။

အနိုင်ရရှိသူများမှာ အမျိုးသားလွှတ်တော်တွင် ဒေါ်ခင်လှမြိုင်၊ ပြည်သူ့လွှတ်တော်တွင် ဦးကျော်သန်း၊  ပြည်နယ်လွှတ်တော်အမှတ် (၁) တွင် ဦးသန်းဝင်း၊ ပြည်နယ်လွှတ်တော် အမှတ် (၂) တွင် ဒေါ်တင်ရီ (ခ) ဒေါ်မတောက် တို့ ဖြစ်ကြသည်။

ယခင် ရခိုင်အမျိုးသားပါတီများ မာန်အောင်မြို့နယ်တွင် တစ်ကြိမ်တစ်ခါမျှ အနိုင်မရရှိခဲ့ဖူးသဖြင့် ယခု ရခိုင်အမျိုးသားပါတီမှ အနိုင်ရရှိခဲ့ခြင်း သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ပါတီကို ခုလို အားပေးထောက်ခံ မဲပေးခဲ့ကြတဲ့အတွက် မာန်အောင်မြို့နယ် လူထုကို အထူးကျေးဇူးတင်ပါတယ်။ ပါတီကိုလည်း ဒီထက်မက ပြည်သူလူထု အကျိုးကို သယ်ပိုး နိုင်အောင်ကြိုးစားပါမယ်။ ခုလို မဲပေးခဲ့ကြတဲအတွက် မာန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ပါမယ်” ဟု ပြောကြားသည်။

၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) သည် မာန်အောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ပြည်နယ် (၂) နေရာတွင် အနိုင်ရရှိခဲ့သည်။

၂ဝ၂ဝ ရွေးကောက်ပွဲတွင် NLD သည် သူ၏ အမာခံနယ်မြေဖြစ်သည့် တောင်ကုတ်နှင့် မာန်အောင်မြို့နယ်တို့တွင် ရှုံးနိမ့်ခဲ့ပြီး သံတွဲနှင့် ဂွမြို့နယ်တွင် လွှတ်တော် (၃) ရပ် နေရာ (၇) ခု၌သာ အနိုင်ရရှိခဲ့သည်။

(ဓာတ်ပုံ- ANP ၏ ရွေး ကောက်ပွဲ အောင်နိုင်ရေး မဲဆယ်စည်းရုံးရေယာဉ်ကို ရွေးကောက်ပွဲ မကျင်းအမီ ရက်အနည်းငယ်အလိုက မာန်အောင်ဒေသခံများက ဆိပ်ကမ်းတွင် ကြိုဆိုနေကြစဉ်)

ဆက်စပ် သတင်းများ