စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲပေးသူ ၃သိန်းကျော်သာရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

နိရဥ္စရာ၊ ဒီဇင်ဘာ၈/၂ဝ၂ဝ

၂ဝ၂ဝ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်တစ်ပြည်နယ်လုံး၌ မဲပေးခွင့် ရရှိသူဦးရေမှာ ၄၇၇၉၇၅ ဦးရှိပြီး ထိုအထဲတွင် မဲပေးသူ ဦးရေမှာ ၃၂၉၉၆ဝ ဦးသာရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲလာပေးသူ ၃၂၉၉၆ဝ ဦးတွင်လည်း မဲရုံတွင် လာပေးသူမှာ ၂၅၁၄ဝ၂ ဦးသာရှိပြီး ကြိုတင်မဲ ပေးသူမှာ ၇၈၅၅၈ ဦးရှိသည်။ မဲပေးသူ အရေအတွက်မှာ ၆၉ ဒဿမ ဝ၄ ရခိုင်နူန်းရှိသည်။  
ပယ်မဲမှာ ၁၂၅၅ဝ ရှိပြီး ပျောက်မဲ ၂၄၉ မဲရှိကြောင်း၊ စုစုပေါင်း ပယ်မဲ၊ ပျောက်မဲ အရေအတွက်မှာ ၁၂၇၉၉ ရှိကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပယ်မဲ၊ ပျောက်မဲများကို ဖယ်လိုက်ပါက ရရှိသည့် ခိုင်လုံမဲမှာ မဲရုံမဲ ၂၃၉၅၂၉ မဲ၊ ကြိုတင်မဲ ၇၇၆၃၃ မဲရှိကြောင်း၊ သို့အတွက် ခိုင်လုံမဲ ရခိုင်နှုန်းမှာ ၉၆ ဒဿမ ၁၂ ရှိကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ် ရှိရာတွင် မြိုနယ် (၉) မြို့နယ်ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံတို့တွင် လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့သည်။

ကျင်းပခဲသည့် မြို့နယ်ထဲတွင် မဲဆန္ဒနယ် လေးခုစလုံးကို အပြည့်ကျင်းခဲ့သည့် မြို့နယ်မှာ ဂွ၊ သံတွဲ၊ မာန်အောင်နှင့် ရမ်းဗြဲမြို့နယ်တို့ ဖြစ်ကြပြီး ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် မဲဆန္ဒနယ်တချို့ကို မဲပေးခွင့်ကို ဖျက်သိမ်းခဲ့သည်။

နောက်ထပ် မြို့နယ် (၂) ခုဖြစ်သည့် တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် ပြည်နယ် လွှတော်တော်နေရာ တစ်ခုစီကို ကျင်းပခဲ့ခြင်း မရှိခဲ့ပေ။

ရခိုင်တစ်ပြည်နယ်လုံးတွင် မဲပေးနိုင်သူ တစ်သန်း ခြောက်သိန်းလေးထောင်ကျော်ရှိပြီး မြို့နယ်၉ ခုကို ပယ်ဖျက်ခဲ့သဖြင့် မဲဆန္ဒရှင် တစ်သန်းနှစ်သိန်းကျော်မှာ မဲပေးခွင့်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ် သတင်းများ