သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်တွင် လူငယ်တစ်ဦး စားဝတ်နေရေးအဆင်မပြေရာမှ ကြိုးဆွဲချ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 794

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြက်ကိုင်းတန် (ရွာသစ်ကေကျေးရွာ)တွင် လူငယ်တစ်ဦး မိသားစု စားဝတ်နေရေး အဆင်မပြေရာမှ ယနေ့ နံနက်ပိုင်းက ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ ဦးလေးတော်စပ်သူ ဦးဆန်းမြင့်က ပြောသည်။ 

သေဆုံးသူမှာ ကြက်ကိုင်းတန်ရွာသစ်ကေကျေးရွာမှ ဦးစံရွှေကျော်နှင့် ဒေါ်မသိန်းဝင်းတို့၏  သား မောင်ထွန်းနိုင်စိုး (၂၁) နှစ်ဖြစ်ကြောင်း သိရသည်။ 

ဦးဆန်းမြင့်က “အလုပ်ကလည်း ပင်ပန်း။ သိပ်အဆင်ပြေဘူး။ ငတ်တစ်ထပ် ပြတ်တစ်ထပ်ဆိုတော့ စိတ်ဓာတ်တွေကျပြီး ကိုယ့်ပါကိုယ် ကြံစည်တာပေါ့။ မိသားစု စားဝတ်နေရေးက အဆင်မပြေဘူး ဆင်းရဲတော့လေ။ မိသားစုစားဝတ်နေရေက သိပ်အဆင်မပြေဘူး။ အဲဒါတွေကြောင့် ခုလို လုပ်သွားတာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ မောင်ထွန်းနိုင်စိုးမှာ ပန်းရံအလုပ်နှင့် တခြား ကျပန်းအလုပ်များ လုပ်ကြောင်း၊ ၄င်းသေဆုံး နေသည်ကို မိသားစုဝင်များက ယနေ့ နံနက် ၅ နာရီခန့်ကမှ တွေ့မြင်ခဲ့ကြရကြောင်း ဦးဆန်းမြင့်က ဆက်ပြောသည်။

“သူက ညအချိန်လောက်က ဖြစ်တာလားဆိုတာ မသိဘူး။ မနက်ကျမှ သိကြတာအကုန်။ ထမင်းချက်တဲ့ အခန်းမှာ ကြိုးဆွဲချသေနေတာပေါ့နော်။ ဘာကြိုးအမျိုးစားလဲဆိုတာတော့ မမြင်လိုက်ကြဘူး။ ရဲတွေလည်း လာစစ်ဆေးတော့ အဲဒီကြိုးကို သိမ်းသွားလို့ ဘာကြိုးမျိုးလဲ မသိလိုက်ကြဘူး။” ဟု ပြောသည်။

အလောင်းအား ယနေ့ နေ့လယ် ၁ နာရီတွင် စစ်တွေ သင်္ချိုင်း၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ