ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြေမြုပ်မိုင်းနင်းမိသည့်မြိုအမျိုးသမီး မျက်လုံးတစ်စုံလုံးဆုံးရှုံးလိုက်ရပြီး ခြေထောက်တစ်ဖက်လည်း ဖြတ်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဇွဲဓန (ကိန်းသာမြေ)၊
နိရဥ္စရာ၊ ဇန်နဝါရီ ၆/ ၂ဝ၂၁

မြေမြုပ်မိုင်းနင်းမိ၍ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ မြိုအမျိုးသမီးမှာ မျက်လုံးတစ်စုံလုံး ဆုံးရှုံးလိုက်ရပြီး ခြေတစ်ဖက်လည်း ဖြတ်လိုက်ရသည်ဟု သတင်းရရှိသည်။

၄င်းမြိုအမျိုးသမီးမှာ ဒေါ်ခင်စံမေ (၄၃)နှစ်ဖြစ်သည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီ်အချိန်ခန့်က သူမအား စစ်တွေဆေးရုံကြီး၌ ခွဲစိပ်ကုသရာ မိုင်းထိ ဒဏ်ရာရရှိခဲ့သည့် မျက်လုံးနှစ်ဖက်ကို ဖောက်ထုတ်လိုက်ရပြီ၊ ညာဖက်ခြေထောက်ကိုလည်း ဒူးဆစ်အောက်ကနေ ဖြတ်ပစ်လိုက်ရကြောင်း ၄င်းအမျိုးသမီး၏ မောင်ဖြစ်သူ ဦးကျော်လှထွေးက ပြောသည်။

“ မျက်လုံး နှစ်ဖက်စလုံးကို ဖောက်ထုတ်လိုက်ရတယ်။ ညာဖက်ခြေထောက်ကိုလည်း ဖြတ်လိုက်ရတာပေါ့။ ဆရာဝန်ပြောတာကတော့ ဘယ်ခြေထောက်လည်း ကျိုးသွားတယ်လို့ ပြောတယ်။ ညာဖက်လက်လည်း ကျိုးသွားတယ်လို့ ပြောပါတယ်။ လူနာကတော့ စိုးရိမ်ရတဲ့ အခြေနေရှိပါတယ်”  ဟု ၎င်းက ပြောသည်။

ရခိုင်စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီဆောင်ရွက်ပေးနေသူ စစ်တွေမြို့က ဆရာဦးသန်းထွန်းကလည်း ၄င်းအမျိုးသမီး၏အခြေအနေမှာ စိုးရိမ်ရကြောင်း ပြောကြားသည်။

အဆိုပါ အမျိုးသမီးသည် ခပေါ်ကျေးရွာအနီး တောင်ပေါ်သို့ ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီခန့်က ထင်းခုတ်ရန် သွားရာမှ မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။  ဇန်နဝါရီ ၅ ရက်  နံနက် ၁ဝ နာရီခန့်က ကျောက်တော်ဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ ကားဖြင့် ယူဆောင်လာခဲ့သည်။

ဆက်စပ် သတင်းများ