ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်ခံရ၍ ဘင်္ဂလာဒေ့ရှ် ၂၆ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ မေ ၃၁/၂ဝ၂ဝ ( နိုင်ငံတကာ)

လစ်ဗျားနိုင်ငံတွင် ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား ၂၆ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု Independent Online/ UNB  သတင်းအရ သိရသည်။ 

၎င်းတို့သည် လူမှောင်ခိုသမားများမှ  သေနတ်များဖြင့် ပစ်ခတ်ခဲ့၍ သေဆုံးရခြင်း ဖြစ်သည်ဟုဆိုသည်။  ၎င်းတိုက်ခိုက်မှုသည် လစ်ဗျား မြို့တော် ထရီပိုလီမှ ၁၈ဝ ကီလိုမီတာ ကွာဝေးသော Mizdah တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

သေဆုံးသူများမှာ ရွှေ့ပြောင်းအလုပ်သများဖြစ်ကြပြီး ၎င်းတို့ကို လစ်ဗျားနိုင်ငံတွင် မြုပ်နှံသင်္ဂြိုလိုက်ပြီဖြစ်ကြောင်း လစ်ဗျားရှိဘင်္ဂလာဒေ့ရှ် သံရုံးကသတင်းထုတ်ပြန်သည်။ 

ဘင်္ဂလားဒေ့ရ်ှနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ အစည်း (IOM) နှင့် ဆက်သွယ်ပြီး သေဆုံးသူများ၏ အလောင်းများကို စီစဉ်ရန်နှင့် ၎င်းတို့၏ မိသားစုများအတွက် လျော်ကြေးတောင်းခံခဲ့သည်။

ဘင်္ဂလားဒေ့ရ်ှသည် လူကုန်ကူးသူများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း ရှာဖွေခဲ့ပြီး လူကုန်ကူးခြင်းနှင့် သတ်ဖြတ်ခြင်းတွင် ပါဝင်သူများကို ဖမ်းဆီးပြီး အပြစ်ပေးရန် တောင်းဆိုခဲ့သည်။

 ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဒေါက်တာ AK Abdul Momen ဒဏ်ရာရသူ ၁၁ ဦး အနက် ၆ ဦးသည် ပြန်လည် ကောင်းမွန်လာပြီး လစ်ဗျားရှိဘင်္ဂလားဒေ့ရှ် သံတမန်အဖွဲ့သည် သူတို့နှင့် ဆက်သွယ်နေကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယမန်နေ့ (စနေနေ့) တွင် သေဆုံးသူ ၂၃ ဦး ၏အမည်များကို ဘင်္ဂလားဒေ့ရ်ှအစိုးရမှ ထုတ်ပြန်ခဲ့သည်။


ဆက်စပ် သတင်းများ