ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကိုလံဘီယာစစ်ဘက်ရဟတ်ယာဉ်ပျက်ကျမှုကြောင့်လူကိုးဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 953

နိရဥ္စရာ၊ ဇူလိုင် ၂၂/၂ဝ၂ဝ (နိုင်ငံတကာ)

ကိုလံဘီယာတွင် စစ်ဘက်ရဟတ်ယာဉ်တစ်စီးပျက်ကျပြီးနောက် အနည်းဆုံးလူ ၉ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့သည် ကိုလံဘီယာစစ်တပ်က အင်္ဂါနေ့ကပြောကြားခဲ့သည်။

လူ ၁၇ ယောက်တင်ဆောင်လာသော UH-60 Black Hawk ရဟတ်ယာဉ်၏ အပျက်အစီးများကို ကိုလံဘီယာ အရှေ့တောင်ဘက် Inirida မြစ်တလျှောက်တွင်တွေ့ရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ဒဏ်ရာရသူများကိုအနီးအနားရှိဆေးရုံတစ်ခုသို့ပို့ဆောင်ထားပြီးအထူးကယ်ဆယ်ရေးအဖွဲ့သည်ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်ဟု စစ်တပ်မှထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရဟတ်ယာဉ်ပေါ်တွင် ကိုလံဘီယာတပ်မတော်မှ စစ်သား ၁၇ ယောက် လိုက်ပါသွားကြောင်း  အစောပိုင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ကိုလံဘီယာစစ်ဘက်ဆိုင်ရာစစ်ဌာနချုပ်၏ အဆိုအရ အဆိုပါ ရဟတ်ယာဉ်သည် တနင်္လာနေ့ မနက်အစောပိုင်း က မပျက်ကျမီ Guaviare  ဌာနရှိ ဖွဲ့စည်းထားသော လက်နက်ကိုင်အုပ်စုအား တိုက်ခိုက်သော စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်ဟုဆိုသည်။ 

စစ်တပ်လေကြောင်းဌာနသည် စစ်ရဟတ်ယာဉ် မတော်တဆမှုဖြစ်ရသည့်အကြောင်းရင်းကို စုံစမ်းရန် ကျွမ်းကျင်သူများကို အခင်းဖြစ်ရာနေရာသို့ စေလွှတ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။ 


ဆက်စပ် သတင်းများ