စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ဆော်ဒီအိမ်ရှေ့မင်းသားနှင့်တွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10.2k

နိရဥ္စရာ၊ နိုဝင်ဘာ၂၃/၂ဝ၂ဝ (နိုင်ငံတကာ)

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဆော်ဒီအိမ်ရှေ့မင်းသားနှင့် တွေ့ဆုံခဲ့သည်ဟု အစ္စရေးကပ်ဘိနက် အဖွဲ့ဝင်ဝန်ကြီးနှင် လီကွတ်ပါတီက အတည်ပြု ပြောဆိုသည်။

နေတန်ယာဟုသည် ဆိုဒီအာရေးဗီးယားတွင် ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ၎င်းမှာ အရေးပါသော အောင်မြင်မှုဟု ဆိုသည်။ တွေ့ဆုံမှုသည် အမှန်တကယ် ဖြစ်ပွားခဲ့ပြီး လူသိရှင်ကြား သတင်းထွက်ပေါ်လာခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် ဆော်ဒီအိမ်ရှေ့မင်းသားနှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့နှင့်တွေ့ဆုံခဲ့သည်ဟု အစ္စရေး ပညာရေးဝန်ကြီး Yoav Gallant က တနင်္ဂနွေနေ့ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းရာတွင် အစ္စရေး စစ်တပ်ရေဒီယိုကိုပြောကြားခဲ့သည်။


Reuters: Netanyahu met Saudi crown prince, Israeli cabinet minister confirms

ဆက်စပ် သတင်းများ