သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဦးဝှေ့တင်းကို ယနေ့ လွတ်ပေးမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

သန့်မြတ်ခိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၁/ ၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ယနေ့ ရက္ခိုင့်တပ်တော် (AA) မှ ပြန်လွှတ်ပေးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခသို့ ဆက်သွယ်ရာ ယနေ့ လွတ်ပေးရန် အစီအစဉ်ရှိကြောင်းကို အတည်ပြု ပြောကြားသည်။

“ ဟုတ်တယ်။ ဒီကနေ့ လွတ်ပေးဖို့ ရှိသလို ကြေညာချက်လည်း ထုတ်ဖို့ အစီအစဉ်ရှိတယ်။ ကြေညာချက် ထုတ်ပြီးမှဘဲ အသေးစိတ် ပြောနိုင်မယ်။ အခု လောလောဆယ်တော့ မပြောနိုင်သေးဘူး” ဟု ခိုင်သုခမှ နိရဥ္စရာ သတင်းဌာနသို့ ယနေ့ မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

ဦးဝှေ့တင်းနှင့် အတူ ကျောင်းဆရာတစ်ဦးကို လွတ်ပေးမည်ဟု သိရသည်။

----------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၂၁/ ၂ဝ၂ဝ





ဆက်စပ် သတင်းများ