သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျဆုံး AA ဗိုလ်လောင်း ၈ဦးအတွက် စစ်တွေတွင် လူငယ်များ အမှတ်တရဆုတောင်းပွဲ ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.5k

သျှင်မင်းဇံ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၉/၂ဝ၂ဝ

KIA ဌာချုပ် ဗိုလ်လောင်းသင်တန်းတွင် လက်နက်ကြီးကျည်ကျ၍ ကျဆုံးသွားခဲ့သည့် ရက္ခိုင့်တပ်တော် (AA) ဗိုလ်လောင်း ၈ ဦးအား ဂုဏ်ပြု အမှတ်တရဆုတောင်းပွဲ အခမ်းအနားကို ရခိုင်လူငယ် ၃ဝ ခန့်က ယနေ့ ညနေပိုင်းက စစ်တွေမြို့ ကမ်းနားလမ်းတွင် ပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားကို စစ်တွေမြို့၊ ကမ်းနားလမ်း၊ ကိုးရီးယားဆိပ်ကမ်းမှာ ညနေ ၅ နာရီကျော်မှာ ပြုလုပ်ခဲ့ကြသည်။

ဗိုလ်လောင်းရှစ်ဦး၏ ရုပ်ပုံပါ အနက်ရောင်တီရှပ် ဆင်တူ ဝတ်ဆင်ထားသည့် လူငယ် ၃ဝ ခန့်က အာရက္ခနိုင်ငံတော်သီချင်းကို ပြိုင်တူ သီဆို၍ ဆီးမီးထွန်းကာ တစ်မိနစ်ခန့် ငြိမ်သက်ကာ အောက်မေ့ ဆုတောင်းခဲ့ကြသည်ဟု သိရသည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က KIA ဌာနချုပ်မှ ဗိုလ်လောင်းသင်တန်းကျောင်းတစ်ခုကို  မြန်မာ့တပ်မတော် တပ်ရင်းတစ်ခုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ရပြီး ထိုအထဲတွင် ရက္ခိုင့်တပ်တော် (AA) မှ ဗိုလ်လောင်း (၈) ဦး ပါဝင်သည်။


ဆက်စပ် သတင်းများ