ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက်သွားသည့်လူနာကို စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k


အိ်မ်စိုးဖြူ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/ ၂ဝ၂၁

ယမန်နေ့က မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ သရက်ပင်ချောင်းကျေးရွာမှ ဦးဌေးဌေးကို ယနေ့ နံနက် ၁ဝ နာရီတွင် စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

အသက် ၃၅ နှစ်အရွယ် ဦးဌေးဌေးကို ခွဲစိပ်ကုသနိုင်ရန်အတွက် မြေပုံမြို့နယ် ကမ်းထောင်းကြီးဆေးရုံမှ စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်သည်ဟု လူနာအား ကူညီပေးခဲ့သည့် ကမ်းထောင်းကြီးမြို့မှ လူမှုရေးလုပ်နေသူ ဦးဝင်းလှအောင်က ပြောသည်။

“ လူနာကို ဒီနေ့ ၁ဝ နာရီကတည်းက စစ်တွေဆေးရုံကိုသွားဖို့့ လုပ်နေကြပါပြီ။ မနေ့က မိုင်းနင်းမိကတည်းက ခြေထောက်က ပြတ်လာခဲ့တာပါ။ ဒါပေမယ့် ကမ်းထောင်းကြီးဆေးရုံမှာ လိုအပ်တဲ့ အရေးပေါ်ဆေးကုသမှုလုပ်ခဲ့ပြီး စစ်တွေဆေးရုံကို ခွဲစိပ်ကုသရေးတွေလုပ်ဖို့ စီစဉ်ရတာပါ။ စက်လှေနဲ့သွားဖို့ လုပ်နေကြပါတယ်” ဟုပြောသည်။

ဦးဌေးဌေး၏ မိသားစုဝင်များနှင့် ကမ်းထောင်းကြီးဆေးရုံအုပ်ဒေါက်တာမျိုးမင်းအောင်တို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပါ။
ဦးဌေးဌေးသည် ယမန်နေ့ နံနက် ၁ဝ နာရီခန့်က ကြိမ်ခုတ်ရန်သွားစဉ် အမ်းမြို့နယ် အုန်းတည်ချောင်းတံတားအနီးတောင်ကုန်းပေါ်တွင် မြေမြုပ်မိုင်းနင်းမိပြီး ညာဖက်ခြေ ဒူးဆစ်အောက်ဖက်မှ ပြတ်ထွားသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - ကိုမျိုးလွင်

ဆက်စပ် သတင်းများ