ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

သံတွဲနှင့်တောင်ကုတ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 948

စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၁ဝ / ၂ဝ၁၉

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အမှုစတင်ကြားနာရမည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား ထောက်ခံသည့် ပွဲကို ယနေ့ ရခိုင်ပြည်နယ် မြို့နယ် နှစ်ခုတွင် အသီးသီး
ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ထောက်ခံပွဲ ပြုလုပ်နေသည့် မြို့နယ်နှစ်ခုမှာ ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့ တွင်ဖြစ်ပြီး တောင်ကုတ်တွင် လူပေါင်း ၈ဝ လောက်ပါဝင်ပြီး သံတွဲတွင် လူပေါင်း ၂ဝဝ ကျော် ပူးပေါင်းဝင်ခဲ့သည်။

သံတွဲမြို့နယ်တွင် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ဦးဆောင်ပြီး ထောက်ခံပွဲကို ယနေ့နေ့လယ် တစ်နာရီက
သံတွဲမြို့နယ်ခန်းမဟောင်း အရှေ့၌ ပြုလုပ်နေပြီး နေ့လယ် ၂ နာရီအထိ ပြုလုပ်သွားမည်ဟု သိရသည်။

သံတွဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးယဉ်ဝင်းက” ဒီထောက်ခံပွဲလုပ်ရတဲ့ ကိစ္စက
တစ်နိုင်ငံလုံးပေါ့။ရ ခိုင်ပြည်နယ်တစ်ပြည်လုံးနဲ့ သက်ဆိုင်တယ်ပေါ့နော်။တစ်ဦးတစ်ယောက်မဟုတ်ဘဲနဲ့ အားလုံးနဲ့
သက်ဆိုင်တဲ့အတွက် ကျွန်တော်တို့က ဒီလိုပဲ ရည်ရွယ်ပြီး လုပ်တာပါ” နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အလားတူ တောင်ကုတ်မြို့တွင်လည်း မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး နေ့လယ်တစ်နာရီ မှစပြီး တောင်ကုတ်မြို့လယ် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး ဓမ္မာရုံတွင် ထောက်ခံပွဲ တစ်ခုကို
ပြုလုပ်နေပြီး ညနေ ၅ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဝေဖန်မှုတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ကြိုက်တဲ့လူက ကြိုက်သလို ဝေဖန်မယ်။ မကြိုက်တဲ့လူက မကြိုက်သလိုဝေဖန်မယ်။ ဒါက ပြဿနာမရှိပါဘူး။ ကျွန်တော်တို့က ပါတီအနေနဲ့
လုပ်တာ မဟုတ်ဘူး။လူထုအနေနဲ့ လုပ်တာ”ဟု တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်သိန်းအောင် က ပြောသည်။

ရခိုင်ပြည်နယ် ၊ ဂွမြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံ ထောက်ခံကြောင်း ဆိုင်းဘုတ်များကို NLD ရုံးရှေ့နှင့် မြို့၏လမ်းဆုံများ၌ ထောင်ထားသည်ဟု ဂွမြို့ဒေသခံ  ကိုကျော်မြင့်မောင်က ပြောသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့၌ ထောက်ခံပွဲတစ်ခု ပြုလုပ်သွားရန်ရှိကြောင်း  မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်းထံမှ သိရသည်။

ICJ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်ပွဲတစ်ခုအား ရခိုင်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ရမ်းဗြဲမြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

ရခိုင်မြောက်ပိုင်းတွင် မွတ်ဆလင် ဘင်္ဂလီလူမျိုးအား လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့်  မြန်မာနိုင်ငံကို
ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း-၁၉၄၈ အရ လိုက်နာဆောင်ရွက် ရမည့် စည်းကမ်း များကို ချိုးဖောက်ခြင်းအတွက် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသည်ဟုဆိုကာ နိုဝင်ဘာလ ၁၁ ရက်နေ့က
ကုလသမဂ္ဂ၏အပြည်ပြည်ဆိုင်ရာ တရားရုံး ( ICJ) တွင် တရားစွဲဆိုခဲ့သည်။ ယင်းအမှုကို ရင်ဆိုင်ဖြေရှင်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ရှိရာ နယ်သာလန်နိုင်ငံ ၊ သည်ဟိတ်ဂ် မြို့သို့ ဒီဇင်ဘာလ ၈ ရက်နေ့က ရောက်ရှိခဲ့ပြီး ယနေ့ ညနေ ၃ နာရီတွင် အမှုနှင့်  ပတ်သက်သည့် နှစ်ဘက်လျှောက်လဲချက်များကို စတင်ကြားနာမည် ဖြစ်သည်။

ကြားနာရမည့် နှစ်ဘက်လျှောက်လဲချက်များကို မြန်မာအစိုးရကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဖြေရှင်း ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ရုံးက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ပွဲများအား ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးမှ ခရိုင်လေးခု၊ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်၊မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တို့တွင် အသီးသီးပြုလုပ်ခဲ့ကြပြီး ယမန်နေ့များကလည်း မြန်မာနိုင်ငံ မြို့နယ်အသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။

-----------------------------

Unicode:


နိရဉ်စရာ ၊ ဒီဇငျဘာ ၁ဝ / ၂ဝ၁၉




သံတှဲမွို့နယျ အမြိုးသားဒီမိုကရစေီအဖှဲ့ခြုပျ ဥက်ကဋ်ဌ ဦးယဉျဝငျးက” ဒီထောကျခံပှဲလုပျရတဲ့ ကိစ်စက









ဆက်စပ် သတင်းများ