- Web Master
- ၁၁ ဇူလိုင် ၂၀၂၄
ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၃ / ၂၀၂၄
LinkedIn အနေဖြင့်
မြန်မာစစ်တပ်၏စီးပွားရေးလုပ်ငန်
အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခံထားရသော မြန်မာစစ်တပ်လုပ်ငန်းစု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ လက်အောက်ခံ Myanmar Brewery ကုမ္ပဏီ သည် စျေးကွက်ရှာဖွေရေးနှင့် လူသစ် စုဆောင်းရေး အတွက် LinkedIn ကို အသုံးပြုနေကြောင်း Justice for Myanmar (JFM) က ဇွန်လ(၃)ရက်တွင် တောင်းဆိုလိုက်သည်။
LinkedIn သည် Myanmar Brewery ကုမ္ပဏီကို သာမက မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်း အားလုံးကို ၎င်း၏ပလက်ဖောင်းမှ ပိတ်ပင်တားမြစ်ရန် JFM က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
LinkedIn သည်
ဝက်ဘ်ဆိုက်များနှင့် မိုဘိုင်းအက်ပ်များမှတစ်ဆင့် စျေးကွက် နှင့် အလုပ်အကိုင် ရှာဖွေရေး အတွက်ကိုသာ
အာရုံစိုက်သော လူမှုမီဒီယာပလပ်ဖောင်းတစ်ခုဖြစ်
ယခုချိန်တွင်LinkedIn အသုံးပြုသူပေါင်း သည် နိုင်ငံနှင့် ဒေသ ပေါင်း (၂၀၀)တွင် တစ်ဘီလီယံကျော်( အာရှ-ပစိဖိတ် တွင် ၂၇၇ သန်း၊ဥရောပ တွင် ၂၅၇ သန်း၊မြောက်အမေရိက တွင် ၂၃၃ သန်း၊ လက်တင် အမေရိက တွင် ၁၅၆ သန်းအရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် သန်း ၆၀) ထိရှိကြောင်း LinkedIn ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
ယခုအခါမြန်မာစစ်တပ်လုပ်ငန်းစု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ လက်အောက်ခံ Myanmar Brewery ကုမ္ပဏီ သည် စျေးကွက်ရှာဖွေရေးနှင့် လူသစ် စုဆောင်းရေး အတွက် LinkedIn ကို အသုံးပြုနေသည်ကိုJustice for Myanmar (JFM)က ဖော်ထုတ်ခဲ့သည်။