သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ် စနဲမြို့အနီးတိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

၎င်းတိုက်ပွဲသည် ဒီဇင်ဘာလ (၂၃) ရက် နံနက် ၁၀ နာရီခွဲခန့် ၌ ကျောက်ဖြူမြို့နယ်၊ စနဲမြို့မြောက်ဘက် မီတာ (၁၃၀၀) ခန့် အကွာအဝေး (တစ်နည်း) စနဲမြို့နှင့် အဝတောင်ကျေးရွာကြားတွင် ဖြစ်ပွားခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ရက္ခိုင့်တပ်တော် (AA) ရှိရာနေရာသို့ ဒီဇင်ဘာလ (၂၃) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်တွင်ဝင်ရောက်လာသောကြောင့် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီ ဘက်မှ (၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။  

ဒီဇင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၀) နာရီခန့်တွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၈) တောင်မော်ဦး ရေတပ်စခန်း ဘက်မှလည်း အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီး၊ ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်းပြင် ပလက်ဝမြို့နယ်၊ အိန္ဒိယနယ်စပ် BP-9 မြိတ်ဝရွာ၏ တောင်ဘက် (၅) ကီလိုမီတာအကွာ (တနည်း) နယ်စပ်မှတ်တိုင် BP-5 ၏ အရှေ့ဘက် ၄.၄၅ ကီလိုမီတာအကွာ အဝေးတွင်ရှိသည့် ပွိင့် (၃၇၇) စခန်းအား အပြီးသတ် ချေမှုန်း သိမ်းပိုက်နိုင်ရန် အတွက် ထပ်မံကြိုးပမ်းလျက် တိုက်ခိုက်လျက် ရှိသည်ဟု သိရသည်။

ရခိုင်တိုက်ပွဲများသည် တစ်ဖြည်းဖြည်းကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာနေပြီး လက်ရှိ ရမ်းဗြဲကျွန်းပေါ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားလာခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲသတင်းများကို  ညီနောင်သုံးဖွဲ့၏ ဒီဇင်ဘာလ (၂၃) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည့်    “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၅၈) ရက်မြောက်နေ့ တိုက်ပွဲသတင်းများအထဲတွင်  ဖော်ပြထားသည်။  (Photo by CDMM)

ဆက်စပ် သတင်းများ