သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဘူးသီးတောင်​ ခမရ (၅၆၅)နှင့် (၅၅၁) တပ်ရင်း ၂ ခုတို့ အကျအဆုံးများဖြင့် စကခ(၁၅) စစ်ဌာနချုပ်သို့ တပ်နောက်ဆုတ်သွားဟု ဒေသခံများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၃၀ /၂၀၂၄

 ရခိုင်ပြည်၊ဘူးသီးတောင်မြို့ အခြေစိုက် ​ခြေ မြန်တပ်ရင်း ခမရ (၅၆၅)နှင့်(၅၅၁) တပ်ရင်းများသည် အာရက္ခတပ်တော်၏ ထိုးစစ်အောက်တွင် အကျအဆုံးများစွာဖြင့် စကခ(၁၅) တပ်မဌာနချုပ်သို့ တပ်နောက်ဆုတ်သွားကြောင်း ဘူသီးတောင် ဒေသခံများထံမှ သိရသည်။

 

 "ကျွန်တော်တို့ သိရတာကတော မနေ့က တော်တော်လေး တိုက်ပွဲပြင်းထန်ခဲ့ကြတယ်။ ခမရ (၅၆၅)နဲ့ (၅၅၁) တပ်ရင်း ၂ ခု အကျအဆုံးများနဲ့ စကခ(၁၅)တပ်မသို့ တပ်နောက်ဆုတ်သွားခဲ့ကြတယ်လို့ သိရတယ်"ဟု ပြောကြားသည်။

 

ဘူးသီးတောင်​မြို့နယ်ရှိစစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲများအား အာရက္ခတပ်တော် AA မှ ဧပြီလ၂၇ ရက်နေ့၌ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး စစ်ကောင်စီမှ အတွဲလိုက်ဒုံးများ ဂျက်တိုက်လေယာဥ်များဖြင့်ပြန်လည်ခုခံလျှက်ရှိနေကြသည်ဟု သိရသည်။

 

"မနေ့က ခမရ (၅၆၅)နဲ့ (၅၅၁) တပ်ရင်း ၂ ခုမှာ  အကျအဆုံးများတော ညနေ ၃ နာရီ ကျော်မှာ Y-12 ဗုံးကြဲလေယာဥ်နဲ့ တစ်ကြိမ်၊  ည ၉ နာရီလောက်မှာ ဂျက်တိုက်လေယာဥ်နဲ့ပါ ဗုံးလာကြဲခဲ့ကြတယ်။ ဗုံးသံအမြောက်သံတွေကတော့ နေရာစုံက ကြားနေရပါတယ်"ဟု ပြောကြား သည်။

 

လက်ရှိ AA တိုက်ခိုက်နေသော တပ် ရင်းများမှာ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) လက်အောက်ခံဖြစ်ကြသည့် ခြေမြန်တပ်ရင်း (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁ ၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တပ်ရင်းများအပါအဝင် ခြေလျင်တပ်ရင်း (ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ဖြစ်ပြီး ထို အထဲမှ တပ်ရင်း ၅၅၂ နှင့် ၅၆၄ တို့အား အာရက္ခတပ်တော်မှအ ပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်သည်။

 

ဘူးသီးတောင်တွင် တပ်ရင်းများသော်လည်း တပ်ရင်းတစ်ရင်း တိုက်ခိုက်ရေးအင်အား ၁၀၀ ကျော်ခန်သာရှိကြောင်း သိရသည်။

 

 ဧပြီလ ၂၉ ရက်နေ့၌  တိုက်ပွဲမှာ အပြင်းအထန်ဆုံး အဆင့်သို့ ရောက်ရှိလာပြီး ​ခြေ မြန်တပ်ရင်း ခမရ (၅၆၅)နှင့်(၅၅၁) တပ်ရင်းများမှာ  အကျအဆုံးများနေပြီး စစ်ကူလည်း မလာနိုင်တော့၍ စကခ(၁၅)တပ်မသို့ တပ်နောက်ဆုတ်သွားခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ