Preview

တရုတ်နိုင်ငံသားပိုင် ဟိုစိမ့် (မြန်မာ)အထည်ချုပ်စက်ရုံ အလုပ်သမားအရေးဆောင်ရွက်ပေးသူ (၈) ဦးကို စစ်ကောင်စီက ၅၀၅-က၊ ၁၇ (၁) တို့ဖြင့် တရားစွဲ

ဇွန် ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :1061
ပြည်တွင်း သတင်း

ရုတ်နိုင်ငံသားပိုင် ဟိုစိမ့် (မြန်မာ)အထည်ချုပ်စက်ရုံ အလုပ်သမားများအရေးဆောင်ရွက်ပေးသူ (၈)ဦးကို စစ်ကောင်စီ ရာဇာသတ်ကြီး ပဒေပုဒ်မ ၅၀၅ - က နှင့် ပုဒ်မ ၁၇(၁)တို့ဖြင့် အမှုဖွင့်တရားစွဲဆိုလိုက်ကြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေသူများ ထံက သိရှိ၇သည်။


အလုပ်သမားတွေရဲ့၇ပိုင်ခွင့်ကိုပဲတောင်းဆိုခဲ့ကြတာပါ။ စစ်ကောင်စီဆိုတော့လည်း ကိုယ့်နိုင်ငံက အလုပ်သမားတွေထက်  အလုပ်ရှင်နဲ့စက်ရုံပိုင်ရှင်တွေ ကိုပဲ ကာကွယ်ပေးကြတာ။ ကိုယ့်နိုင်ငံရဲ့ အလုပ်သမားအခွင့်ရေးဘယ်လောက်ချိုးနိမ်ခံနေ၇လဲဆိုတာသိသိနဲ့ အခု ဖမ်းဆီးတာ မတရား နိုင်က်စီးနင်းလုပ်ဆောင်တာပဲ။ ၈ ဦး ဖမ်းဆီးတရားစွဲဆိုခံ၇တာပါဟု အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

 

အဆိုပါစက်ရုံသည် ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်တွင် တည်ရှိပြီး ဇွန်လ ၁၀ ရက်က အလုပ်သမားအခွင့်ရေးတောင်းဆိုခဲ့သည့် စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် (၇)ဦးကို အလုပ်မ ထုတ်ပယ်ခဲ့ကြောင်း သိရှိ၇သည်။

 

၎င်းတို့ထဲက ခေါင်းဆောင် (၅)ဦးဖြစ်သည့် မသူသူစံ၊ မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်းနှင့် ကိုအောင်အောင်တို့ကို စစ်ကောင်စီက မတရားဖမ်းဆီးသွားခဲ့ကြောင်း စက်ရုံအလုပ်သမားများထံက သိရှိ၇သည်။

 

ထိုအပြင် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူမသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်းနှင့်သင်တန်းခန်းမငှားရမ်းသူတို့ကို ဖမ်းဆီးထားခဲ့ကြောင်း သိရှိ၇သည်။

 

အဆိုပါနယ်မြေသည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့်နေရာဖြစ်ပြီးဖမ်းဆီးထားသူများကို ဇူလိုင် (ရ)ရက်နေ့တွင် ရွှေပြည်သာမြို့နယ်တရားရုံးရှိစစ်ခုံရုံးတွင် ရုံးထုတ် သွားမည် ဖြစ်ကြောင်း သိရှိ၇သည်။

 

စစ်ကောင်စီကနေအလုပ်သမား ခေါင်းဆောင် (၅)ဦး ကို ၅၀၅ - က ဖြင့်တရားစွဲဆိုထားပြီးကျန်သည့် (၃)ဦးကို ၁၇ (၁) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများ ထံကသိရှိ၇သည်။ (NN – 25) ဓာတ်ပုံ - ဟိုစိမ့် (မြန်မာ)အတည်ချုပ်စက်ရုံ (လူမှုကွန်ယက်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.