Preview

မြန်မာအပါအ၀င်ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူ(၈၂၅,၆၃၅) ဦးအထဲမှ(၄၈၃,၆၂၆) ဦးကိုထိုင်းနိုင်ငံသားအဖြစ်ခွင့်ပြုပေးမည်ဟု ထိုင်းအစိုးရကကြေညာ

ဂျွန်နသန် | နိုဝင်ဘာ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :1651
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိုဝင်ဘာ ၃/၂၀၂၄

မြန်မာရွှေ့ပြောင်းများအပါအ၀င်ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူ(၈၂၅,၆၃၅) ဦးအထဲမှ(၄၈၃,၆၂၆) ဦးကိုထိုင်းနိုင်ငံသားအဖြစ်ခွင့်ပြုပေးမည်ဟု ထိုင်းအစိုးရကကြေညာသည်။

မြန်မာနိုင်ငံမှရွှေ့ပြောင်းနေထိုင်သူများအပါအ၀င် ထိုင်းနိုင်ငံတွင် နှစ်ကာလကြာရှည်စွာနေထိုင်ကြသူများ၊ နိုင်ငံအတွင်း၌ မွေးဖွားခဲ့ကြသော ရွှေ့ပြောင်းနေထိုင်သူများ နှင့် တိုင်းရင်းသားလူနည်းစုများအပါအ၀င်လူပေါင်း (၄၈၃,၀၀၀) ကျော်အားနိုင်ငံသားဖြစ်ခွင့်ပေးမည့်မူဝါဒ ကို ထိုင်းအစိုးရမှအတည်ပြုကြေညာခဲ့သည်။

အဆိုပါ နိုင်ငံသားဖြစ်ခွင့်ပေးမည့် မူဝါဒ ကို အောက်တိုဘာ(၂၉)ရက်ကပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင်ဝန်ကြီးချုပ် Paetongtarn Shinawatra က ကြေညာခဲ့ခြင်းလည်းဖြစ်သည်ဟုဘန်ကောက်ပို့စ်ကသတင်းဖော်ပြသည်။

ရွှေ့ပြောင်း(၈၂၅,၆၃၅) ဦးသည် ထိုင်းနိုင်ငံတွင် နေထိုင်ကြပြီး ၎င်းတို့အနက် (၄၈၃,၆၂၆) ဦးသည် နိုင်ငံသားဖြစ်မှု အတွက် အတည်ပြုချက်ရရန် စောင့်ဆိုင်းနေကြသူမျာဖြစ်ကြောင်း ၀န်ကြီးချုပ်ကဆက်လက်ပြောဆိုသည်။

ထိုင်းအစိုးရသည် နိုင်ငံသားဖြစ်မှုနှင့် နေထိုင်ခွင့်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်နှစ်ကာလကြာအောင် ကြိုးပမ်းခဲ့ရပြီးနောက်တွင် ယခုကဲ့သို့ဆုံးဖြတ်ချက်ကိုအတည်ပြုချမှတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုအတည်ပြုခဲ့သည့် မူဝါဒအသစ်သည် ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့သည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို မွမ်းမံကာပြန်လည်အစားထိုးပြင်ဆင်ထားခြင်းဖြစ်သည်ဟု ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsab က ပြောကြားခဲ့သည်။

ထို့အပြင် လူနည်းစုများမှ ထိုင်းနိုင်ငံအတွင်းမွေး ဖွားသည့်ကလေးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများလည်းရှိသည်။

ယခုကဲ့သို့ အစီအမံအသစ်များမရှိပါက ၎င်းတို့၏ (နိုင်ငံသားဖြစ်မှု)အဆင့် ကို ဆောင်ရွက်ရာတွင် (၄၄)နှစ်အထိ အချိန်ယူရနိုင်သည်ဟု Mr Jirayu မှ ပြောကြားခဲ့သည်။

ယခုမွမ်းမံပြင်ဆင်ထားသည့်မူအသစ် သည် နိုင်ငံသားဖြစ်မှုလုပ်ငန်းစဥ်ကိုရိုးရှင်းလွယ်ကူမြန်ဆန် စေမည်ဖြစ်သည်။

“ဒီလူ ၄၈၃,၀၀၀ ဟာ ထိုင်းနိုင်ငံမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ကြသူတွေပါ။သူတို့ဟာ ပုံမှန်အလုပ်လုပ်ကိုင်နိုင်ကြသူတွေပါ။ပြီးတော့လည်းအရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုလည်း ကိုင်ဆောင်ထားကြသူတွေ ပါ"ဟု၄င်းကဆက်လက်ပြောဆိုသည်။

 "ဒါကြောင့်လည်း အစိုးရဟာသူတို့ရဲ့အဆင့်အတန်း(နိုင်ငံသားဖြစ်မှု)ကို တရားဝင်သတ်မှတ်ပေးဖို့ အရေးကြီးတယ်ဆိုတာယုံကြည်တဲ့အတွက်အခုလိုလုပ်ဆောင်လိုက်တာပါ။ သူတို့ဟာ လွတ်လပ်စွာ ခရီးသွားလာနိုင်ပြီး၊ စီးပွားရေးကိုလည်း တွန်းအားပေးလာနိုင်မယ် ၊ ဒီလိုဆောင်ရွက်မှုက ကဏ္ဍအသီးသီးကို အကျိုးပြုမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းထပ်လောင်းပြော ဆိုခဲ့သည် ဟုဘန်ကောက်ပို့စ်ကဖော်ပြသည်။

"ထိုင်းနိုင်ငံအတွင်း၊ နှစ်ပေါင်းများစွာကတည်းက ရွှေ့ပြောင်းအခြေချနေထိုင်နေသူ မြန်မာနိုင်ငံသား တွေ အပါအဝင်လူဦးရေ (၅) သိန်းခန့်ကိုအမြဲတမ်းနေထိုင်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့်တွေ ကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးတော့မှာဖြစ်ကြောင်းအခုလို ထိုင်းအစိုးရက ထိုင်းနိုင်ငံမှာအနေကြာသူတွေ၊ နိုင်ငံမဲ့တွေ၊ ထိုင်းနိုင်ငံမှာမွေးဖွားသူတွေနဲ့ ထိုင်းနိုင်ငံထဲကိုရွှေ့ပြောင်းအခြေချလာသူတွေအတွက် အခုလိုမျိုး အခွင့်ရေးတွေရဖို့ လုပ်ဆောင်ပေးတာဟာ သတင်းကောင်းဖြစ်ကြောင်း"ထိုင်းလူ့အခွင့်အရေးရှေ့နေလည်းဖြစ်၊ ကလေးသူငယ် အမျိုးသမီးနဲ့ နိုင်ငံမဲ့များအရေး ဆပ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် Mr Surapong kongchantuk က VOAကိုပြောဆိုခဲ့သည်။

Source/Bangkok Post/VOA

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.